Mandalay News

Mandalay News

သပိတ်ကျင်းမြို့နယ်၊ လေးမိုင်နှင့် တာဝါတိုင်စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်ရရှိ

 

D Day News

ဩဂုတ်လ ၃၀

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လေးမိုင်ရွာနှင့် တာဝါတိုင်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းအမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့က သပိတ်ကျင်းမြို့နယ်ရှိ တတက – ၁၃၊ စခတ -၂၊ သနတ – ၁ ထုတ်နုတ်အဖွဲ့ အခြေပြုနေသော လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။

ထိုသို့ သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသည့် လက်နက် ၁၃ လက်၊ ကျည် ၂၇၉၆ တောင့်၊ Drone Slayer ၂ လက်၊ ၆၀ မမ ဗုံးသီး ၄၃ လုံး၊ အီနာဂါ ၆ လုံး နှင့် ကျည်အိမ် ၂၂ ခု တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ အမှတ် ၅၀၉၊ ၅၁၀၊ ၅၁၂ တပ်ရင်းများ၊ ပြင်ဦးလွင်ခရိုင်/ သပိတ်ကျင်းမြိုနယ် ပကဖ၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့နှင့် ကန့်ဘလူခရိုင် W-89 တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ဇီးကုန်းမြို့အနီးတွင် စစ်သား ၆ ဦးပစ်ခတ်သတ်ခံရပြီးနောက် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေ   သံလွင်မြန်မာသတင်း ဇွန်လ ၃၀   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အနီးတွင် စစ်ကောင်စီတပ်သား ၆ ဦးပစ်ခတ်သတ်ခံရပြီး နောက် စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ထန်းကုန်းတိုက်နယ် ပကဖထံ မှ သိရသည်။...