Mandalay News

Mandalay News

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး နတ်နန်း၊ လူမှုကယ်ဆယ်ရေးရုံး၊ မီးသတ်ရုံးနှင့် နေအိမ် ၂၃ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၃

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး နတ်နန်း၊ လူမှုကယ်ဆယ်ရေးရုံး ၊ မီးသတ် ရုံးနှင့် လူနေအိမ် ၂၃ လုံး ပျက်စီးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂ ရက် ည ၈ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အေးချမ်းစွာ လုပ်ကိုင် စားသောက် နေကြသော သပိတ်ကျင်းမြို့နယ် ၊ ချောင်းကြီးကျေးရွာ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၁၆ ဦးအပြင်းအထန် ဒဏ်ရာ ရရှိကာ ၁၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရွာလယ်တံတားနားက ပိုအထိနာသွားတယ်။ ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူတွေအများကြီးရှိနေ တယ်။ တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး ဒီအတိုင်းလာချတာ။ ပိုဆိုးတာ လူမှုကူညီရေးအသင့် မေတ္တာ စမ်းရေ ရုံးပေါ်ဗုံးကြကွဲတော့ လူနာတင်ယာဉ်တွေ ၅ စီးပျက်စီးသွားတယ်”ဟု ဒေသနေပြည်သူတစ်ဦး က ပြောကြားသည်။

 

ထို့အပြင် အရပ်သားပြည်သူ့ နေအိမ် ၂၃ လုံး ၊ မီးသတ်ရုံး ၊ ဘာသာရေးအဆောင်အဦး(နတ်နန်း)၊ မေတ္တာစမ်းရေ လူမှုကယ်ဆယ်ရေးရုံးနှင့် ကူညီကယ်ဆယ်ရေးကား ၅ စီး တို့ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မန္တလေးမြို့၊ အိုးအကျဉ်ထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ ကြောင်း...