Mandalay News

Mandalay News

မန္တလေးမြို့နန်းတွင်းသို့ ကားပို့ပြီးပြန်လာသော တပ်ကြပ်ကြီးတစ်ဦးနှင့် ပျူတစ်ဦးကို အရှင်ဖမ်းမိ၊ စစ်ဆေးပြီး ထမင်းကျွေးထားစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးစလုံးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၃

 

မန္တလေးမြို့နန်းတွင်းသို့ ကားပို့ပြီး ပြန်လာသော တပ်ကြပ်ကြီးတစ်ဦးနှင့် ပျူတစ်ဦးကို အရှင် ဖမ်းမိခဲ့ ပြီး စစ်ဆေးပြီးနောက် ထမင်းကျွေးနေစဉ် ထွက်ပြေးသဖြင့် လိုက်လံရှာဖွေဖမ်းဆီးရာ အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက်နေ့လည်ပိုင်းက ပျော်ဘယ်မြို့နယ်၊ အမြန်လမ်း မိုင်တိုင် ၂၆၂ မှ မကွေးဘက်သို့ ဆင်းလာ သော မကွေးမြို့အခြေစိုက် တကက ဝင်းဇော်ဦးနှင့် စစ်မှုထမ်းဟောင်း ပျူမြင့်နိုင်ဝင်း တို့ကို နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်များက သက်သေ ခံ စာရွက်စာတမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

“တကက ဝင်းဇော်ဦးက ရခိုင်ပြည်နယ်၊ အမ်းမြို့ထောက်ပို့တပ် ၉၂၆ ကနေ စခန်းစွန့်ခွာပြီးတော့ ပြေးလာခဲ့တာ၊ သူက မကွေးထောက်ပို့ ၁၂၁ တပ်မှာ ပူးပေါင်းနေတာ။ တစ်လကျော်လောက်ပဲရှိသေး တယ်။ သူက မန္တလေးနန်းတွင်းကို ပျူမြင့်နိုင်ဝင်းနဲ့ ကားသွားပို့ပြီး အပြန်မှာ ကျနော်တို့က သတင်း ရလို့ ဖမ်းမိတာ၊ သူတို့ဖမ်းတဲ့အချိန်မှာ လက်နက်မပါဘူး။ အရပ်ဝတ်နဲ့ ကားသွားပို့တာ။ တခြားကား တစ်စီးနဲ့ ပြန်လာတဲ့အချိန် ဖမ်းမိခဲ့တာပါ ။” ဟု နတ်မောက်ပကဖတာဝန်ခံက ပြောကြားသည်။

 

ထိုသို့ ဖမ်းမိပြီးနောက် ဇန်နဝါရီလ ၁ ရက် ၁၂ နာရီ ၃၀ မိနစ် အချိန် ထမင်းကျွေးနေစဉ် ထွက်ပြေး သွားကြသဖြင့် လိုက်လံရှာဖွေဖမ်းဆီးရာ ည ၈ နာရီအချိန်တွင် ၂ ဦးစလုံးကို အသေပစ်ခတ် ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူ တကက ဝင်းဇော်ဦးသည် ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အမှတ် ၉၂၆ ထောက်ပို့တပ် မှ ဖြစ်ပြီး အာရက္ခတပ်တော်က အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် – နပခ ကို သိမ်းပိုက်စဉ် ထွက်ပြေးလာကာ မကွေးမြို့အခြေစိုက် အမှတ် ၁၂၁ ထောက်ပို့တပ်၌ တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ဖမ်းဆီးခံရသော မြင့်နိုင်ဝင်းမှာလည်း စစ်တပ်မှ နှုတ်ထွက်ထားသူဖြစ်ပြီး ပျူအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲ ပြင်းထန် နေကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တပ်ဖွဲ့က ထုတ်ပြန်သည်။   ဇွန်လ ၂၄ ရက် မွန်းတည့် ၁၂ နာရီ...