Mandalay News

Mandalay News

တောင်သာမြို့နယ်တွင် လေတပ်ဗိုလ်ကြီး ၁ ဦးနှင့် တပည့်ဖြစ်သူတပ်သားတစ်ဦးတို့ လက်ဖက်ရည် ဆိုင်ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတိုသေနတ် ၁ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၉

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းနဲ့ တပည့်ဖြစ်သူတပ်သား တစ် ဦး တို့ လက် ဖက်ရည် သောက်နေတုန်း ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ပြည်သူ့လွတ် မြောက်ရေးတပ်မတော် PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) ထံက သိရပါတယ်။

 

ဒီနေ့ (ဒီဇင်ဘာလ ၂၉ ရက်) မနက် ၇ နာရီ ၁၅ မိနစ်က တောင်သာမြို့နယ်အတွင်းမှာရှိတဲ့ ဖက်ဖက် ရည်ဆိုင်တစ်ဆိုင်မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ လေတပ်ဗက ကြည်ဖေလင်းနဲ့ တပည့်ဖြစ်သူ တပ်သားတို့ လက်ဖက်ရည်သောက်နေတုန်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

ဝင်ရောက်တဲ့အချိန်က အရှင်ဖမ်းဖို့သွားခဲ့တာဖြစ်ပေမယ့် ထွက်ပြေးသွားလို့ ပစ်ခတ်ဖမ်းဆီးရာ နှစ်ဦး စလုံးပွဲချင်းပြီး သေဆုံးသွားတာဖြစ်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 

သေဆုံးသွားတဲ့ လေတပ်ဗိုလ်ကြီးဆီကနေ MA5 MK1 ပစ္စတိုသေနတ် တစ်လက်နဲ့ ကျည်ဆံတွေ၊ သက်သေခံကဒ်ပြားတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) အနေနဲ့ ပြည်သူလူထုအကျိုးကို ရှေးရှုကာ စစ်အုပ်စု စစ် ၃ စစ်သုံးစစ်ကို ရရာနည်းလမ်းနဲ့ အမြစ်ပြတ်ချေမှုန်း သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း...