Mandalay News

Mandalay News

ဝမ်းတွင်းမြို့နယ်၊ ဒိုင်းကောင်းကုန်းရွာစာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးထက်မနည်းသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၃

 

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ဒိုင်းကောင်းကုန်းကျေးရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Wundwin Township Revolution Force – WTRF ထံမှ သိရသည်။

 

ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၅ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ဝမ်းတွင်းမြို့ နယ်၊ ဒိုင်းကောင်းကုန်းကျေးရွာ စာသင်ကျောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၄၀ မမ လက် နက်ကြီး ၂ လုံးအသုံးပြုပြီး အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

“သင်္ချိုင်းကုန်းကို စစ်သားအပြည့်ပိတ်ဆို့ပြီး သင်္ဂြိုလ်နေတာ၊ ဘယ်သူမှအဝင်မခံဘူး။ အဝေးကနေ ကြည့်ရတာမို့ ၂ ဦးထက်တော့ ပိုနိုင်တယ်။ မနေ့ညက တမာကန်မှာဖြစ်တဲ့ကိစ္စနဲ့အခုအပစ်ခတ်ခံရတဲ့ ကိစ္စတွေကြောင့် စခတွေ ခြေရှုတ်နေတယ်၊ မိဘပြည်သူတွေအနေနဲ့ စခတွေ သတင်းကို ပေးပို့ကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု Wundwin Township Revolution Force – WTRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထို့သို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ဒိုင်းကောင်းရွာသင်္ချိုင်း ကုန်းကို စစ်သားအပြည့်ဖြင့် ပိတ်ဆို့ကာ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ခရီးသွားပြည်သူများကို စစ်ဆေးရှာဖွေမှုများ ပြုလုပ်လျက်ရှိပြီး မိဘပြည်သူများ အနေဖြင့် စစ်သား၊ ရဲ ဆိုင်ကယ်၊ ကားတန်းများ တွေ့ရှိပါက တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းပေးပို့ခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တော်လှန်ရေးကာလ ၄ နှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်အစီး ၂၀ ပျက်စီးပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံး

တော်လှန်ရေးကာလ ၄ နှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်အစီး ၂၀ ပျက်စီးပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ နွေဦးတော်လှန်ရေးခုခံတော်လှန်စစ် ၄ နှစ်တာကာလအတွင်းအကြမ်းဖက်စစ်အုပ်စု၏ စစ်လေယာဉ် အစီး ၂၀ ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံးထားကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၁၂၁ ခုနှစ်နွေဦးတော်လှန်ရေးစတင်သည့်ကာလမှစ၍ ယနေ့အထိအကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်လေယာဉ် အစီး ၂၀...