Mandalay News

Mandalay News

မန္တလေးမြို့၊ မန်းမြို့ဈေးရှိ “ဆယ်သန်းရွှေဆိုင်” ဒုတိယအကြိမ် ဓားပြတိုက်ခိုက်ခံရ၊ ရွှေ ၄ ပိဿာ ကျော် ပါသွား (ရုပ်သံ)

 

D Day News

ဇွန်လ ၁

 

မန္တလေးမြို့၊ မန်းမြို့ဈေးအတွင်းရှိ “ဆယ်သန်း ရွှေဆိုင်” ဒုတိယအကြိမ် ဓားပြတိုက်ခိုက်ခံရပြီး ရွှေ ၄ ပိဿာကျော်ပါသွားကြောင်း ဒေသတင်းရင်းမြစ်များထံမှ သိရသည်။

 

မေလ ၃၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် မန္တလေးမြို့ ၊ မန်းမြို့မစျေး၊ ၈၄ လမ်း ၊ ၃၈ လမ်း နှင့် ၃၉ လမ်းအကြား ဖွင့်လှစ်ထားသည့် “ဆယ်သန်း” ရွှေဆိုင်သို့ အဖြူရောင် မတ်တူး ရွှေငါးယာဉ် အမျိုးအစားဖြင့် ရောက်ရှိလာသည့် လူ ၄ ဦးက လက်နက်များကိုင်ဆောင်ကာ ရွှေဆိုင်အတွင်းပေါ် တင်ဝင်ရောက်လာပြီး သေနတ်များဖြင့် ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းနှင့် လက်ဝတ်ရတနာများကို လုယူသွားကြောင်း သိရသည်။

https://youtu.be/OEPFNfQlndQ

ထိုသို့ ဓားပြတိုက်ခိုက်မှုရမှုကြောင့် ရွှေပိဿာချိန် ၄ ပိဿာကျော်ပါသွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း ဆယ်သန်းရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့် မျက်နှာ ဖုံးစွပ်လူတချို့က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ရွှေ ၂ ပိဿာခန့် တန်ဖိုးရှိ ရွှေထည်နှင့် လက် ဝတ်ရတနာပစ္စည်းများ ပါသွားခဲ့သေးသည်။

 

ထိုစဉ်ကဓားပြတိုက်ခိုက်ခံရမှုကိုလည်း  အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးနိုင်ခြင်းမရှိခဲ့ပေ။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက် မနည်းသေဆုံးကာ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း MSRF တပ်ဖွဲ့က  ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၆...