Mahlaing News

Mahlaing News

မလှိုင်မြို့နယ်၊ သက္ကကျင်းရွာလမ်းမပေါ်တွင် ဂိတ်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက် မှု ၈ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မေလ ၁၉

 

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သက္ကကျင်းရွာ၊ ရွာလယ်လမ်းမပေါ်၌ ဂိတ်ကြေးကောက်နေသော အ ကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်၈ တပ် ရင်း – NRDF ထံမှ သိရသည်။

 

မေလ ၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းရွာ၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများမှ ရွာလယ်လမ်းတွင် စစ်ဆေးရေးနှင့် ပြည်သူများထံမှ ဆက်ကြေး ကောက်ခံနေစဉ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်သားများမှ ၎င်းတို့တပ်စွဲထားရာနေရာသို့ ဆုတ်ပြေးသွားကြောင်း၊ ထိုသို့ ဆုတ်ခွာသွားပြီး နောက် အခြေအနေအကြောင်းကြောင်း ကြောင့် ဝင်ရောက် စီးနင်းနိုင်ခြင်းမပြုပဲ ပြန်လည် ဆုတ်ခွာ ခဲ့ကြောင်း သိရသည်။

https://youtu.be/0aL56uudKcM

ထို့သို့‌ မြေပြင်မှ တိုက်နေစဉ်အတွင်း ဝေဟင်မှ ဒရုန်းများဖြင့် ၉ ကြိမ် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ပြီး မြေပြင် ဝေဟင်ပူးပေါင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထိုတိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ၊ မြင်းခြံခရိုင် အမှတ် ၁ တပ် ရင်း ၊ မြင်းခြံခရိုင် အမှတ်၂ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် မလှိုင် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...