Magway News

Magway News

ရေနံချောင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၂၇

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း People’s Defence Force -Yenangyaung (YNG-PDF) ထံမှ သိရသည်။

 

အောက်တိုဘာလ ၂၀ နေ့က အင်အား ၇၀ ခန့်ဖြင့် ရေနံချောင်းမြို့နယ်၊ ကုန်းအိုင် -ဖောင်းကွဲလမ်းမှ မကျည်းကန်အုပ်စုအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို အောက် တိုဘာလ ၂၁ ရက် ညနေပိုင်းတွင် မကျည်းကန်အုပ်စု ၊ ရွှေကျင်ကန်ကျေးရွာအနီး၌ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုနောက် အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင်းလည်း အလယ်ကုန်းရွာအနိးသို့ ထပ်မံ ချဉ်း ကပ်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ မိုင်း၊ လက်နက်ငယ်များဖြင့် ထပ်မံ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး မကျည်းကန်ကျေးရွာတွင် တစ်ည အိပ်တပ်စွဲကာ ရေနံချောင်းမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများညသ် ရွှေကျင်ကန်ကျေးရွာအတွင်း ပြည်သူပိုင် လက်ဝတ် ရတနာများ၊ တန်ဖိုးကြီးပစ္စည်းများကို မွှေနှောက်ရှာဖွေကာ ခိုးယူသွားကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို People’s Defence Force -Yenangyaung (YNG-PDF) ၊ တမာမြေအထူး လှုပ်ရှားစစ်ကြောင်းနှင့် အက်တောတိုက်နယ် ပ-က-‌ဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

အပစ်အခတ်ရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ နောင်ချိုမြို့နယ်တွင် ကျေးရွာ ၃ ရွာကို စစ် ကြောင်း သိမ်းပိုက်လာမှုမကြောင့်တိုက်ပွဲဖြစ်၊ စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံး ၃၇ လုံးအပါအဝင် အများအပြား ဗုံးကြဲချ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊...