Magway News

Magway News

ပခုက္ကူမြို့နယ်၊ ကမ္မရဲစခန်းမှ ဈေးဝယ်ထွက်လာသည့် ရဲတပ်သား တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ

 

D Day News

ဩဂုတ်လ ၃၁

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းမှ ဈေးဝယ်ထွက်လာသည့် ရဲတပ်သားတစ်ဦးကို လက် နက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း Kamma Underground People’s Defense Force (ကမ္မတပ် ပေါင်းစု) ထံမှ သိရသည်။

 

ဩဂုတ်လ ၂၈ ရက် ညနေ ၅ နာရီ ခွဲခန့်က ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းမှ ရဲတပ်သား ဖုန်းမြင့် သည် ရဲစခန်းအနောက်ဘက်သို့ ဈေးဝယ်ရန်ထွက်လာစဉ် Kamma Underground People’s Defense Force (ကမ္မတပ်ပေါင်းစု) တပ်ဖွဲ့မှ အသင့်စောင့်ဆိုင်းနေသော ရဲဘော်များနှင့် ထိပ်တိုက် တွေ့ပြီး G3 တစ်လတ်၊ ကျည်တောက် တစ်ဘောက်၊ ကျည် ၁၀၉ တောင့်၊ ဖုန်းတစ်လုံး တို့နှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲတပ်သား ဖုန်းမြင့်သည် ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရေနံမြေရဲကင်းမှ စခန်းစွန့် ခွာလာ ကာ ကမ္မရဲစခန်းသို့ ရောက်ရှိနေသူဖြစ်ပြီး ၎င်းကို စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Kamma Underground People’s Defense Force (ကမ္မတပ် ပေါင်းစု) က အသိပေးထားသည်။

 

Kamma Underground People’s Defense Force(ကမ္မတပ်ပေါင်းစု) တပ်ဖွဲ့သည် မဟာမိတ် တပ်ဖွဲ့များနှင့်အတူ စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ဖော်ဆောင်လျက်ရှိပြီး စစ်ရေး ပစ်မှတ် များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...

Tanintharyi News

ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁   တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်...