Magway News

Magway News

ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ၂ ကြိမ်ဗုံးပေါက်ကွဲပြီး နယ်ထိန်းရဲအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၂၀

 

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး သာဒွေးအောင်နေအိမ်တွင် ၂ ကြိမ် ဗုံးပေါက်ကွဲပြီး နယ်ထိန်းရဲအရာရှိတစ်ဦးအပါအဝင် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ နေ ပြည်သူများထံက သိရသည်။

 

ယနေ့အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းတည့်၁၂ နာရီ ၅၆ မိနစ်တွင် ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ရာ ပွင့်ဖြူမြို့မရဲစခန်းမှ စခန်းမှူး၊ နယ် ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ကြီးတို့ရောက်ရှိလာပြီးနောက် ၁ နာရီ ၉ မိနစ်တွင်ထပ်မံဗုံးပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုသို့ နှစ်ကြိမ်ဗုံးပေါက်ကွဲမှုကြောင့် စခန်းမှူး နယ်ထိန်းအရာရှိအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပွင့်ဖြူမြို့အရှေ့ပိုင်း အုပ်ကြီးသာဒွေးအောင် နေအိမ် ဗုံး ၂ ကြိမ်ပေါက်တာ၊ ပထမအကြိမ်ဗုံးပေါက်ပြီး တော့ စခန်းမှူးနယ်ထိန်းထွန်းနိုင်ဝင်း၊ အုပ်ကြီးရောက်လာတဲ့အချိန် နောက်တစ်ကြိမ်ထပ်ပေါက်တာ၊ စခန်းမှူးနယ်ထိန်းရယ်၊ အုပ်ကြီးသားအငယ်ကောင်လေးရယ်၊ ထောက်ခံစာလုပ်တဲ့သူတစ်ယောက် အပါအဝင် စုစုပေါင်း ၄ ယောက် ဒဏ်ရာအပြင်းအထန်ရတယ်။ အုပ်ကြီးသာဒွေးအောင်၊ သူ့မိန်းမက တော့လွတ်သွားပါတယ်။” ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အုပ်ချုပ်ရေးမှူး သာဒွေးအောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေကို တက်ကြွ စွာအကောင်အထည်ဖော်နေသူတစ်ဦးဖြစ်ပြီး ရပ်ကွက်အတွင်းရှိ လူငယ်၊ လူရွယ်များကို စစ်တပ် အ တွင်း မရားထည့်သွင်းစေခိုင်နေသူဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲများ က ကင်းပတ်စစ်ဆေးနေကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

တောင်ငူမြို့နယ်တွင် စစ်ကောင်စီဂိတ်စခန်းကို ဖြတ်သန်းမောင်းနှင်လာသော ကယန်းပြည်သစ် ပါတီအမှတ်တံဆိပ်၊ အလံပါ ကုန်တင်ကား တစ်စီးကို ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကရင်ချောင်းတံတား၊ ကွန်ကရစ်လမ်းပေါ်တွင် စစ်ကောင်စီ ဂိတ်ကို ဖြတ်သန်းမောင်းနှင်လာသည့် ကယန်းပြည်သစ်ပါတီ အမှတ်တံဆိပ်၊ အလံပါ ကုန်တင်ကား...