Magway News

Magway News

မြိုင်မြို့တွင်းမှ ဈေးဝယ်ပြန်လာသော စစ်သား၊ ပျူစောထီးများကို တိုက်ခိုက်မှု ပျူ ၁ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၃၀

 

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် မြိုင်မြို့တွင်းမှ ဈေးဝယ်ပြီး ပြန်လာသော စစ်သား၊ ပျူများကို အနီး ကပ်စောင့်ကြို ပစ်ခတ် ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၃၀ ရက် နံနက် ၇ နာရီခွဲခန့်က မြိုင်မြို့အတွင်းမှ ဈေးဝယ်ပြီးပြန်လာသော မြိုင်မြို့ မြောက်ဘက် ချောင်းဆုံဂိတ်မှ အကြမ်းဖက် စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြို၍ အနီးကပ် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတပ်သား ဝင်းလှိုင်မှာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးပြီး ပျူစောထီး တပ်သားအောင်ဇော် လင်းမှာ ခြေထောက်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ ၊ BLY ပြောက်ကျားတပ်ဖွဲ့ (ပေါက် ပကဖ)၊ ဦးကြီး (ပေါက် ပကဖ) ၊ JOKER ပြောက်ကျားတပ်ဖွဲ့၊ MYG ၊ Burma Revolution Alliance Force (BRAF)နှင့် ဖိုက်တာ မိုးကြီး (ပေါက် ပကဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ဇီးကုန်းမြို့အနီးတွင် စစ်သား ၆ ဦးပစ်ခတ်သတ်ခံရပြီးနောက် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေ   သံလွင်မြန်မာသတင်း ဇွန်လ ၃၀   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အနီးတွင် စစ်ကောင်စီတပ်သား ၆ ဦးပစ်ခတ်သတ်ခံရပြီး နောက် စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ထန်းကုန်းတိုက်နယ် ပကဖထံ မှ သိရသည်။...