Magway News

Magway News

နတ်မောက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီသက်ဆိုးရှည်စေရေး သန်းခေါင်စာရင်း ဦးဆောင် ကောက်နေသူ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး‌ သေဆုံး၊ အတင်းအဓမ္မစစ်ထဲထည့်ရန် ပေါ်တာဆွဲနေ သော ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်

 

D Day News

အောက်တိုဘာလ ၈

 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လယ်ပြင်ကန်ကျေးရွာအုပ်စု၊ အိုင်ပေါက်ကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေရေး သန်းခေါင်းစာရင်း ဦးဆောင်ကောက်နေသူ ဒေါ် ခင်မာအေးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း နတ်မောက်မြို့နယ် ပကဖ ထံမှ သိရ သည်။

 

ယမန်နေ့ အောက်တိုဘာ ၇ ရက် ညပိုင်း အကြမ်းဖက် စစ်ကောင်စီ သက်ဆိုးရှည်စေရေး အတွက် သန်းခေါင်စာရင်းများ တက်တက်ကြွကြွ တစ်အိမ်တက်ဆင်း ဦးဆောင်ကောက်ယူနေသူ နတ်မောက် မြို့နယ်၊ အိုင်ပေါက်ကုန်းကျေးရွာနေ ဒေါ်ခင်မာအေးကို နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ ရာ သေဆုံးသွားကြောင်း သိရသည်။

 

“ကျနော်တို့က မလုပ်ဖို့ သတိပေးချက်တွေလည်း ထုတ်ပြန်ပြီးပြီ။ သတိလည်းပေးထားတယ်၊ အဲဒါကို သူက တက်တက်ကြွကြွတစ်အိမ်တက်ဆင်း ဦးဆောင်ပြီး သန်းခေါင်စာရင်း လိုက်ကောက်နေတာ၊ သန်းခေါင်စာရင်းကောက်ယူတဲ့အထဲပါဝင်တဲ့သူတွေကို စစ်ရေး ပစ်မှတ်သဖွယ် သဘောထားပြီး ရှင်း လင်းသွားမှာပါ။” ဟု နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ပြောကြားသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ် ပေါင်းစု ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် အိုင်ပေါက်ကုန်း ကျေးရွာ အတွင်းသို့ နတ်မောက်မြို့ နယ်၊ ဂွေးကုန်းဆက်သွယ်ရေးတပ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၂၀ ခန့်ရောက်ရှိ လာကြောင်း သိရသည်။

 

ထို့အပြင် နတ်မောက်မြို့နယ်အတွင်းလှည့်ပတ် ပေါ်တာဆွဲနေသော အ ကြမ်းဖက်စစ်ကောင်စီ ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားထိခိုက်ပျက်စီးခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖထံမှ သိရ သည်။

 

ယမန်နေ့ အောက်တိုဘာလ ၇ ရက် နေ့လည်ပိုင်းက နတ်မောက်မြို့ပေါ်မှ အကြမ်းဖက်စစ်သား၊ ပျူစောထီးအင်အား ၁၀ ဦးခန့်သည် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် နတ်မောက်မြို့နယ်၊ ကုလားရှင်ရွာနှင့် သမှုန်းကုန်းကြားသို့ ကား ဖြင့်ဆင်းလာစဉ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားကို ထိမှန် ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

“မိုင်းဆွဲခံရတဲ့ကားကို နတ်မောက်က စခတွေ ကား နှစ်စီးနဲ့လာပြီး ဆွဲယူသွားပါတယ်။ထိခိုက် သေ ဆုံး မှုတော့ မသိရသေးပါဘူး။ မိုင်းဆွဲပြီး ညနေပိုင်းကစလို့ နတ်မောက် – စိုင်ကောင်းတစ်ကြောင်းထိုး လမ်းကို ညပိုင်း သွားလာခွင့်ပိတ်လိုက် တယ်။ အခုမနက်တော့ ပြန်ဖွင့်လိုက်ပြီလို့ သိရတယ်။” ဟု နတ်မောက်မြို့နယ် ပကဖ မှာတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန်ဒေါင့်တိုက်ပွဲသို့ ပို့ဆောင်သည့် စစ်ကူစစ်ကြောင်းမှ စစ်ကြောင်းမှူး မိုင်းထိထားပြီး စစ်သား ၁ ဦးသေဆုံးကာ ဟိုတစ်စု၊ ဒီတစ်စု ဖြင့် တပ်ပျက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်စခန်းသို့ ပို့ဆောင်သည့် စစ်ကြောင်းမှ စစ်ကြောင်းမှူး...