Magway News

Magway News

စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို သိမ်းပိုက်တော့မည်ဖြစ်သဖြင့် ကျေးရွာအတွင်းနေထိုင်သူများ တစ်ပတ်အတွင်း ပြောင်းရွှေ့ကြရန် မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၈

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက် ခိုက် သိမ်းပိုက်တော့မည်ဖြစ်သဖြင့် ၎င်းတို့အနီး နေထိုင်သော ပြည်သူများ တစ်ပတ်အတွင်း ပြောင်းရွေ့ကြရန် မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်လိုက်သည်။

 

ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့မှစ၍ စလင်းမြို့နယ်အတွင်း စစ်ရေးဆိုင်ထားသော လင်းဇင်း ကျေးရွာရှိ အကြမ်းဖက် စစ်တပ် ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများအနီးတွင် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာနေ ပြည်သူများကို အကာအကွယ် ပြုလုပ်၍ လုပ်ကိုင် ဆောင်ရွက်နေခြင်းကြောင့် ပြည်သူများသည် ကျေးရွာအတွင်း နေထိုင်ခြင်း မပြုလုပ်ကြပါရန် အသိပေး ထုတ်ပြန်ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက ပြောဆိုသည်။

အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်၏ တရားဝင် PDF တပ်ရင်းများ ဖြစ်သော စလင်း အခြေစိုက် မင်း ဘူးခရိုင် အမှတ် ၁ တပ်ရင်းနှင့် အမှတ် ၅ တပ်ရင်းတို့သည် မင်းဘူးခရိုင်အတွင်း မိမိအစိုးရ၏ ထိန်း ချုပ်နယ်မြေ၊ စိုးမိုးနယ်မြေ ရရှိနိုင်ရေးအတွက် ယခုကာလများအတွင်း အစွမ်းကုန် ကြိုးစား လုပ် ဆောင်နေကြောင်း အသိပေးထားသည်။

 

အကြမ်းဖက် စစ်ကောင်စီက ၎င်းတို့၏ အခြေစိုက် နေရာယူ စခန်းချထားသော နေရာများရှိ ပြည်သူလူထုကို အကာအကွယ်ယူကာ တိုက်ခိုက်ချေမှုန်းမခံရစေရန် ပြုလုပ်ထားပြီး လူသားဒိုင်းပြုလုပ်ကာ ဆောင်ရွက် နေခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန် PDF အဖွဲ့အစည်းများအနေဖြင့် အတတ်နိုင်ဆုံး ကြိုတင်အသိပေး သတိပေးဆောင်ရွက်ချက်များ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၈...