Magway News

Magway News

ပင်လယ်ဘူးမြို့သို့ စစ်ကူသွားသော ဂန့်ဂေါမြို့ခလရ ၅၀ တပ်ရင်းမှ 2IC အဆင့်ရှိသူ ဖြိုးကိုကိုဦး အပါအဝင် စစ်သား ၁၀ ဦးထပ်မံသေဆုံး

 

D Day News

အောက်တိုဘာလ ၈

 

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သို့ စစ်ကူသွားသော ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းမှ 2IC အဆင့်ရှိသူ ဖြိုးကိုကိုဦးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦး ထပ်မံသေဆုံးသွားကြောင်း ယောအ လင်းတန်းထံမှ သိရသည်။

 

စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်မှ အကြမ်းဖက်စစ်သားများကို ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ခေါ်ဆောင်ခဲ့ပြီး ပင်လည်ဘူးမြို့သို့ စစ်ကူပို့ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့က ဗိုလ်မှူးခန့်မင်းကို အပါအဝင် ၅ ဦးသေဆုံးခဲ့သလိုစက်တင်ဘာလ ၂၉ ရက် နေ့တွင်လည်း 2IC အဆင့်ရှိသူ ဖြိုးကိုကိုဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

 

“သေတာကို အပြင်မပေါက်အောင်ဆိုပြီး ဗျူဟာမှူးက ထိန်းချုပ်ထားတာ။ ခန့်မင်းကို သေတုန်းက လည်း သူတို့က သတင်းမပေါက်အောင် ထိန်းချုပ်ထားတာ။ အခု 2IC သေတဲ့ သတင်းကို စက်တင် ဘာလ ၂၉ ရက်နေ့ကတည်းက ရတယ်၊ အတည်ပြုမရဖြစ်နေတာ၊ အခုမှ သေတာ သေချာပြီဆိုတဲ့ အတည်ပြုချက်ရလို့ တင်လိုက်တော့တာပါ။ ခန့်မင်းကိုသေတုန်းက သူ့ကောင်မလေးက တင်လိုက် တော့ အတည်ပြုလို့ရသွားတာ။ အခု အဲဒီတစ်ယောက်ဆိုရင်အခု ပရိုင်ဖိုင် လော့တွေချ၊ နာမည်တွေ ပါ ပြောင်းသွာပြီ၊ တပ်ရင်းထဲမှာဆိုလည်း သူ့မယုံကြည်၊ ကိုယ့်မယုံကြည်နဲ့ ဖြစ်နေကြတယ်လို့ သိရ တယ်။ ဖုန်းသုံးတာတွေလည်း တင်းတင်းကြပ်ကြပ်လုပ်လာတယ်” ဟု ယော အလင်းတန်းမှ ကိုဘ ကောင်းက ပြောကြားသည်။

Photo – စက်တင်ဘာလ ၂၇ ရက်နေ့က ပင်လည်ဘူးတိုက်ပွဲအတွင်း သေဆုံးသွားသော ဗိုလ်မှူး ခန့်မင်းကို

2IC အဆင့်ရှိသူ ဖြိုးကိုကိုဦးသည် စက်တင်ဘာလ ၂၇ ရက်နေ့ကတည်းက ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကုသရန် ဆေးမရှိသဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ဂန့်ဂေါ မြို့ အခြေစိုက် ခလရ ၅၀ တပ်အတွင်းမှ စစ်ကူစစ်သားများ ပင်လည်ဘူးမြို့တိုက်ပွဲတွင် သေဆုံးသွား သည်မှာ ၁၀ ဦးကျော်ရှိပြီဖြစ်သော်လည်း အမည်၊ အဆင့် တိတိကျကျ သိရှိရခြင်း မရှိကြောင်း သိရ သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်၊ PNO ပြည်သူ့စစ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု PNO တပ်ခွဲမှူး ဗိုလ်ကြီး နောင့်စိုင်း သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်၊ PNO ပြည်သူ့...