Magway News

Magway News

ပေါက်မြို့နယ်၊ ဘုရားတောင်ဘုန်းကြီးကျောင်းနှင့် နဂါးပွတ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးပြီး ဘုန်းကြီးတစ်ပါးပျံလွန်တော်မူ

 

D Day News

စက်တင်ဘာလ ၂၇

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဘုရားတောင်ဘုန်းကြီးကျောင်းနှင့် နဂါးပွတ်ရွာကို အကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးပြီး ဘုန်းကြီး တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ညနေ ၅ နာရီ ၁၂ မိနစ်အချိန်က ပေါက်မြို့နယ်၊ နဂါးပွတ်ကျေးရွာ အရှေ့ဘက်လယ်ကွင်းပြင်ထဲသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၄ လုံးကျဲ ချတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း၊ အလားတူ ဘုရားတောင်ဘုန်းကြီးကျောင်းကို ဗုံးသီး ၃ လုံး ကျဲချပြီး စက်လက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

“ဖိုက်တာနဲ့ ၄ ကြိမ် တိုက်ခိုက်သွားတာ၊ ဘုရားတောင်ရွာဘုန်းကြီးကျောင်းထဲကို ကျတာက ဘုန်း ကြီး တစ်ပါး ပျံလွန်တော်မူတယ်။ ကျောင်းဆောင်ကြီးပေါ်ကျတာ၊ ကျောင်းဆောင်လည်း ပျက်စီး သွားတယ်။ ရွာထဲက မိန်းလမ်းပေါ်မှာလည်း ကျတယ်။ အိမ်တွေပျက်စီးတာရှိတယ်။ ရွာထဲကကို လည်း စက်လက်တစ်ကြိမ်ဆွဲပြီး ပစ်သွားတယ်။ ရွာသူရွာသားတွေကတော့ တိမ်းရှောင်နေကြရ တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အလားတူ ပေါက်မြို့နယ် ကပစ ၂၄ မှ ၁၂၂ မမ လက်နက်ကြီးဖြင့် ဟောင်ဝှစ်ဇာ ၃ လုံးနှင့် ပေါက်မြို့ ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် တစ်လုံး ရမ်းသမ်းပစ် ခတ်မှုရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်နေမှု ကြောင့် ဒေသနေပြည်သူများမှာ ကျေးရွာအတွင်း နေထိုင်ရဲခြင်းမရှိပဲ ရှောင်တိမ်းနေကြရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရွှေပြည်သာမြို့မရဲစခန်းနှင့်‌ မြောက်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့မရဲစခန်းနှင့် မြောက်ဥက္ကလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦ...