Magway News

Magway News

ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံး မှုရှိ

 

D Day News

စက်တင်ဘာလ ၂၆

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား များကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၂၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာအကြမ်းဖက် စစ်သားများနေထိုင်သည့် စခန်း ဗျူဟာကုန်း ကို ရော့ကတ် ၆ လုံး၊ ကျောင်းထဲကို ရော့ကတ် ၄ လုံး နှင့် ပျူများ ကင်းစောင့်နေသော နေရာကို ရော့ကတ် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရ သည်။

“ဇီးပြားရဲစခန်းကို Rocket ၂၄ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စခန်း ဗျူဟာကုန်းကို ၆ လုံး စခ တွေနေတဲ့ ကျောင်းထဲကို ၄ လုံးနဲ့ ပျူတွေနေတဲ့ ကင်းတဲကို ၃ လုံးကျရောက်ပေါက်ကွဲခဲ့တယ်။ ထိ ခိုက် သေဆုံးမှုတွေကရှိတယ်။ အရေအတွက်ကို စုံစမ်းနေတယ်” ဟု ဘာမထီ လက်နက်ကြီးပြောက် ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့နှင့် မိုးမိတ် တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် တပ်ကြပ်ကြီး အောင်မျိုး ကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် စစ်ကောင် စီတပ်မှ တပ်ကြပ်ကြီး အောင်မျိုးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖထံမှ သိရ သည်။...