သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၁
မကွေးတိုင်း၊ ချောက်မြို့နယ်အခြေစိုက် Chauk Revolution Army -CRA တပ်ဖွဲ့အနေဖြင့် ဆေးဌာန ကြီး ဖွင့်လှစ်ကာ ပြည်သူများကို စောင့်ရှောက်ပေးလျက်ရှိပြီး တပ်ဖွဲ့မှ ပြုလုပ်လျက်ရှိသော ကမ်ပန်း လေးတွင် ပါဝင်ကူညီအားဖြည့်ပေးပါကြရန် မေတ္တာရပ်ခံထားသည်။
ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် Chauk Revolution Army -CRA တပ်ဖွဲ့၊ ဆေးဌာန ဖွင့် လှစ်ခဲ့သည်မှာ ၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ၁ နှစ်အတွင်း ပြင်ပလူနာပေါင်း ၅၅၈ ဦး၊ မိုင်းနှင့် လက်နက် ကြီး ထိလူနာ ၃၁ ဦး၊ မွေးလူနာ ၈ ဦး၊ ပိုးထိလူနာ ၂ ဦးအား ကုသပေးနိုင်ခဲ့ကြောင်း၊ Mobile Clinic အနေ ဖြင့် ရွာပေါင်း ၂၂ ရွာကို လစဥ် ကွင်းဆင်းကုသမှုပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့တပ်ဖွဲ့အနေနဲ့ ခွဲစိတ်မှုပါ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ ပြည်သူတွေနဲ့လည်း ကမ် ပိန်းလေးမှာပါဝင်အားဖြည့်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်ထူကိုယ် ထလုပ်တဲ့ ကမ်ပိန်းလေးဖြစ်တယ်။ ဆယ်လီဖြစ်တဲ့သူတွေ၊ နိုင်ငံတကာထောက်ပို့တွေနဲ့လည်း အ ဆက် အသွယ် မရှိဘူး။ ကျနော်တို့တပ်မှာက နည်းပညာပိုင်းနဲ့ပတ်သက်ရင်လည်း အားနည်းတယ်၊ တကယ်လို အပ်လို့လုပ် တာဖြစ်တဲ့အတွက် ကမ်ပိန်းလေးမှာ ကူညီပေးဖို့ပြောချင်ပါတယ်။” ဟု Chauk Revolution Army -CRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကမ်ပိန်းကို ပါဝင်ကူညီပေးမည့် မိဘပြည်သူများအနေဖြင့် –
https://www.facebook.com/profile.php?id=61550268008827
Page Messenger မှ ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
Chauk Revolution Army -CRA တပ်ဖွဲ့အနေဖြင့် စစ်ရေးလှုပ်ရှားလျက်ရှိသော ဒေသများ၌ ပြည်သူ လူထု ဝန်ဆောင်မှုလုပ်ငန်းများကို အစဥ်မပြတ် ဆက်လက်ဆောင်ရွက်သွားပါမည်ဖြစ်ပြီး ဆေးပေး ခန်း စတင်လည်ပတ်သည်မှ စ၍ ယနေ့အချိန်ထိ နေ့မအား ညမအား တာဝန်ထမ်းဆောင်ပေးခဲ့သော ဆရာ၊ ဆရာမများကိုလည်း လေးစားဂုဏ်ပြုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media