ပွင့်ဖြူမြို့နယ်၊ ဆည်တော်စစ်ဆေးရေးဂိတ်တိုက်ပွဲအတွင်းမှ သေဆုံးစစ်သား အလောင်း ၂ လောင်း မုန်းချောင်းထဲ၌ တွေ့ရှိ (ရုပ်သံ)

ပွင့်ဖြူမြို့နယ်၊ ဆည်တော်စစ်ဆေးရေးဂိတ်တိုက်ပွဲအတွင်းမှ သေဆုံးစစ်သား အလောင်း ၂ လောင်း မုန်းချောင်းထဲ၌ တွေ့ရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၄

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆည်တော်စစ်ဆေးရေးဂိတ်တိုက်ပွဲအတွင်းမှ သေဆုံးစစ်သား အလောင်း ၂ လောင်းကို မုန်းချောင်းထဲ၌ ထပ်မံတွေ့ရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းထံမှ သိရ သည်။

အောက်တိုဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်တို့တွင် ပွင့်ဖြူမြို့နယ်၊ မုန်းချောင်းအတွင်း တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် ရေထဲမျောနေသော သေဆုံး စစ်သားအလောင်း ၂ ကို တွေ့ ရှိခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းစစ်သားများသည် ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း မဲဇလီ-ဆည်တော် တံတား မဲဇလီ စခန်း၏ ကာကင်းဂိတ်စခန်းဖြစ်သော ဆည်တော်ဂိတ်မှ စစ်သားများ ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက် ညနေ ၅ နာရီခန့်က ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာ လမ်းပိုင်း မဲဇလီ-ဆည် တော် ကြိုးတံတားရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ဂိတ် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား အလောင်း ၄ လောင်း၊ လက်နက် ၆ လက်နှင့်ခဲယမ်းစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“မုန်းချောင်းထဲကနေ စခအလောင်း ၂ လောင်း ထပ်တွေ့တယ်။ စုစုပေါင်းသေဆုံးအလောင်းက ၄+၂ ဖြစ်သွားတာပေါ့။ ချောင်းထဲမျောနေတာကို တွေ့ခဲ့တာ။” ဟု မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆည်တော်ဂိတ်စခန်း၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သာရှိပြီး တော်လှန်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ချိန်တွင် ဘန်ကာအတွင်းမှ ခုခံပစ်ခတ်နေသဖြင့် ၁ နာရီခွဲခန့်ကြာသည် အထိ တိုက်ခိုက်ခဲ့ရကြောင်း၊ ထိုသို့ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့သော်လည်း မည်သည့်အကြမ်းဖက်စစ်သား မျှ စစ်ကူလာရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ မင်းဘူးခရိုင် ပကဖ နှင့် ပွင့်ဖြူမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းမှ လက်နက်ကြီးပစ်ကူပေးခဲ့ ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် လမ်းပိုင်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာပေးကြပါရန်နှင့် စစ်တပ်စစ်ကြောင်းနှင့်တွေ့ပါက ဝေးဝေးမှ ရှောင်ရှားသွားလာနေထိုင်ပေးကြပါရန် မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းက မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပြည်သူလူထုအပေါ် ဆက်ဆံရာတွင်အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့သည့်PDF ရဲဘော်များ အားလုံးကိုအရေးယူမည် (ရုပ်သံ)

ပြည်သူလူထုအပေါ် ဆက်ဆံရာတွင်အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့သည့်PDF ရဲဘော်များ အားလုံးကိုအရေးယူမည် (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ပြည်သူလူထုအပေါ် ဆက်ဆံရာ၌ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းသွားခဲ့သည့် တာဝန်ရဲဘော်များကို သတိပေးအယူမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကာ်မတီ ထံက သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်က စဉ့်ကူးမြို့နယ်အတွင်းရှိ...