ဆောမြို့နှင့် ကျောက်ထုအမြောက်တပ်ထဲမှ ထွက်ပြေးလာပြီး ပြည်သူလူထုကို သေနတ် ပစ်ဖောက် ခြိမ်းခြောက်ကာ အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် သည့် တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းမိ

ဆောမြို့နှင့် ကျောက်ထုအမြောက်တပ်ထဲမှ ထွက်ပြေးလာပြီး ပြည်သူလူထုကို သေနတ် ပစ်ဖောက် ခြိမ်းခြောက်ကာ အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် သည့် တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းမိ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၃

မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့နှင့် ကျောက်ထုတပ်တို့ထဲမှ ထွက်ပြေးလာ ပြည်သူလူထုကို သေနတ် ပစ်ဖောက် ခြိမ်းခြောက်ကာ အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် သည့် တပ်ကြပ် ကြီး ၁ ဦးကို ဖမ်းမိခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

အောက်တိုဘာလ ၉ ရက် နံနက် အစောပိုင်းက ကျောက်ထုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ၏ အမှတ် ၃၆၈ အမြောက်တပ်အတွင်းမှ ဒုတပ်ကြပ် ၂ ဦးသည် MA -5 ပစ္စတို သေနတ် ၁ လက်၊ 9 mm ကျည် ၅ ထောင့်၊ လက်ပစ်ဗုံး ၁ လုံး နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့ကို ယူဆောင်ကာ ထွက်ပြေး လာခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးလာပြီးနောက် အောက်တို့ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ယောမြို့ကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ ကျေးရွာအတွင်းရှိ အရက်ဆိုင်၌ သေနတ်ဖြင့် တစ်ချက် ပစ်ဖောက် ခြိမ်း ခြောက်ကာ အရက်ကို ယူဆောင်သွားကြောင်း၊ ထို့နောက် ကျေးရွာအရှေ့ဘက်ရှိ ဘုရားကုန်းက် သို့ တက်သွားပြီး တောထဲတွင် သေနတ် ၂ ချက်ပစ်ဖောက်ကာ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ယင်းစစ်သား ၂ ဦးသည် ည ၇ နာရီခန့်တွင် တောထဲမှ ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး သေနတ် တစ်ချက်ပစ်ဖောက် ခြိမ်းခြောက်ကာ ရွာသားတစ်ဦးကို အရက် ဝယ်ခိုင်းခဲ့သော်လည်း ရွာ သားမှာ အရက်ဝယ်မရသဖြင့် ခေတ္တပုန်းအောင်းနေစဉ် စစ်သား ၂ ဦးမှာ ကျေးရွာအတွင်းမှ ထွက်သွား ကြောင်း သိရသည်။

ထို့သို့ ထွက်သွားသည့် စစ်သား ၂ ဦးကို ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်းမှ ရဲဘော်များက အောက်တို ဘာလ ၁၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် လမ်းဘေးတနေရာ၌ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ် ပြီး ယခုအခါ ထိန်းသိမ်း၍ စစ်ဆေးနေကြောင်း သိရသည်။

“ကျောက်ထုအမြောက်တပ်ထဲက ထွက်ပြေးလာတဲ့ ၂ ယောက်ကတော့ တပ်ထဲမှာ မနေချင်လို့ ထွက်ပြေးလာတာလို့ သိရတယ်။ ဒါပေမယ့် အဲဒီနှစ်ယောက်က ပြည်သူတွေကို ခြိမ်းခြောက်ခဲ့တာ တွေလုပ်ခဲ့တာရှိတယ်။ အဲဒီအတွက်လည်း စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့ သိရပါတယ်။ သေနတ်က စုစုပေါင်း ၄ ချက်ပစ်ခဲ့တာ၊ ယောမြို့ကျေးရွာထဲက ကားအတိုင်းလမ်းလျှောက်တဲ့အချိန် ကာကွယ်ရေးအဖွဲ့တွေက အသင့်စောင့်ပြီး ဖမ်းမိခဲ့တာ” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ပြောကြားသည်။

အဆိုပါ စစ်သား ၂ ဦး ထွက်ပြေးလာမှုကြောင့် ကျောက်ထုမြို့ အခြေစိုက် အမှတ် ၃၆၈ အမြောက် တပ် အတွင်းမှ စစ်သား အင်အား ၁၂၀ ခန့်ဖြင့် ယောမြို့ကျေးရွာအတွင်းသို့ ဝင်ရောက်စစ်ဆေးပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။

အလားတူ ယမန်နေ့ အောက်တိုဘာလ ၁၂ ရက် ညနေပိုင်းကလည်း ဆော့မြို့၊ ဦးဖိုးလှိုင်ခန်းမမှ ထွက်ပြေးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး ၁ ဦးကို ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်း ရဲဘော်များက ဖမ်းဆီးရရှိခဲ့ပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ်ထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၁၀...