မြိုင်မြို့နယ်၊ တွင်းမပျူရွာစခန်းမှ ရိက္ခာရှာထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ပျူ ၃ ဦး သေဆုံးပြီး လက်နက် တစ်လက် သိမ်းဆည်းရရှိ (ရုပ်သံ)

မြိုင်မြို့နယ်၊ တွင်းမပျူရွာစခန်းမှ ရိက္ခာရှာထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ပျူ ၃ ဦး သေဆုံးပြီး လက်နက် တစ်လက် သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမပျူစခန်းမှ ရိက္ခာရှာရန် ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ ပျူ ၃ ဦးသေဆုံးပြီး လက်နက် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း 8+ အညာမြေတပ်ပေါင်းစုထံမှ သိရသည်။

စက်တင်ဘာလ ၂၈ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က မြိုင်မြို့နယ်၊ တွင်းမပျူရွာစခန်းမှ ရိက္ခာရှာရန် ထွက်လာသော စစ်သား၊ ပျူများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ၃ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သား၊ ပျူအလောင်းတစ်လောင်းနှင့်အတူ MA1 အမျိုးအစား သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို M.V.P Revoulation Force/8+ အညာမြေစစ်ဆင်ရေး အဖွဲ့၊ ပြည်သူ့လွတ် မြောက်ရေး တပ်ပေါင်းစု – PLC ၊ မြိုင် ပကဖ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ ကမ္မတပ်ပေါင်းစု ၊ တမာမြေ ပြောက် ကျားတပ်ဖွဲ့ နှင့် နယ်မြေခံမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင် ၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၃ နာရီ ၃၀...