မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမပေါ်တွင် အိမ်စီးကားဖြင့် ထွက်သော စစ်သားများကို တိုက်ခိုက်မှု ကားနှင့်ကားပေါ်ပါ ပစ္စည်းအချို့ သိမ်းဆည်းရရှိ

မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမပေါ်တွင် အိမ်စီးကားဖြင့် ထွက်သော စစ်သားများကို တိုက်ခိုက်မှု ကားနှင့်ကားပေါ်ပါ ပစ္စည်းအချို့ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၉

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ် -မုံရွာလမ်းမပေါ်တွင်အိမ်စီးကားဖြင့် ထွက်လာသော စစ်သား များကို တိုက်ခိုက်ခဲ့ရာ ကားထားပြီး ထွက်ပြေးသွားသဖြင့် ကားနှင့် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့‌ ကြောင်း United States Of Burma Army – USBA က ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၈ ရက် ည ၁၁ နာရီခန့်က မင်းတုန်းမြို့ဘက်မှ အိမ်စီးကားအနက်ရောင် တစ်စီး သည် ပုသိမ် – မုံရွာ လမ်းအတိုင်း ကျောက်တိုင် စစ်တပ်အထိုင်စခန်းဘက်သို့ မောင်းနှင်လာခဲ့ ကြောင်း၊ ယင်းလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ည‌နေ ၆ နာရီ နောက်ပိုင်း မော် တော်ယာဉ်များ ဖြတ်သန်းခွင့် ပိတ်ပင်ထားသောကြောင့် မင်းတုန်းမြို့နယ် ကျောက်တိုင်ကျေးရွာ အနီးတွင် စစ်ဆေးရန် တားဆီးခဲ့ရာ ရပ်တန့်ပေးခြင်းမရှိပဲ လုံခြုံရေးတာ၀န်ကျ ရဲဘော်များအား စတင်ပစ်ခတ်ပြီး မောင်းပြေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခဲ့ခြင်းခံရမှသာ အကြမ်းဖက်စစ်အုပ်စု စီးနင်းလာသော ကားဖြစ်ကြောင်းသိခဲ့ရပြီး ပြန်လည် ပစ် ခတ်ခဲ့ရာ ကားပေါ်တွင် လိုက်ပါလာသော အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့၀င်များ ထိခိုက်ဒဏ်ရာ များစွာဖြင့် ကားထားကာ ထွက်ပြေးသွားကြောင်း သိရသည်။

ထို့ကြောင့် အကြမ်းဖက်စစ်သားများ စီးနင်းလာသော အနက်ရောင် အိမ်စီးကား ၁ စီး ၊ ၄၀ မမ ဗုံးသီး ၅ လုံး Euip ၁ စုံ ၊ ဖုန်း ၁ လုံး ၊ ပိုက်ဆံအိတ် ၁ လုံး ၊ ပိုက်ဆံ ၂ သိန်း ၆ သောင်း ကျပ် ၊ လက်ထိပ် ၁ စုံ ၊ ဖိနပ် ၁ ရံ ၊ ထီး ၁ ချောင်း ၊ ဘေးလွယ်အိတ် ၁ လုံး ၊ အဆောာင်ယတြာ ၁ မျိုး ၊ ကွန်ဒုံး ၂ ခု ၊ ရွှေ ၀ယ် ယူထားသော ပြေစာ ၁ ခု ၊ သံပုရာသီး ၁ လုံး ၊ အား သွင်း ခေါင်း ၁ ခု ၊ ဆိုင်ကယ်သော့ ၁ ချောင်း ၊ Ruby ဆေးလိပ် ၂ လိပ်၊ မီးခြစ် ၁ လုံး ၊ စာအိတ် အ လွတ် ၂၃ လုံး ၊ ကားရေမွှေး ၁ ပုလင်း နှင့် အချိုရည် ၂ ဗူး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ကားထား၍ ထွက်ပြေးလွတ်မြောက်သွားသော အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့၀င်များကို ည ၁၂ နာရီ တွင် မင်းတုန်းမြို့မှ light-truck ကားတစ်စီး အင်အားအပြည့်ဖြင့် စမ်းကြီးကျေးရွာအနီးသို့ လာကြို သွားကြောင်း၊ ယင်းတိုက်ခိုက်မှုမှုအတွင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း သိရ သည်။

မိဘပြည်သူများအနေဖြင့် လမ်းစည်းကမ်းများလိုက်နာပေးရန် တစ်နှစ်ကျော်ကြာသည်ထိ အချိန် ပေးကာ ပညာပေးခြင်းများ အကြိမ်ကြိမ် ကွင်းဆင်းလုပ်ခဲ့သော်လည်း လိုက်နာမှု အားနည်းလျက်ရှိ သည့် မိဘပြည်သူများ ရှိနေသေးကြောင်း၊ ယခုဖြစ်သည်လည်း မိဘပြည်သူ၏ ကားဖြစ်ပါက ထိခိုက် နစ်နာမည် စိုးရိမ်သောကြောင့် ကားကို လက်ပြတားဆီးခဲ့သဖြင့် လုံခြုံရေးတာဝန်ကျ ရဲဘော်များ အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသလို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များလည်း လွတ်မြောက်ခဲ့ရ ကြောင်း United States Of Burma Army – USBA က ပြောဆိုထားသည်။

ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် ကားလမ်းမကြီးများပေါ်တွင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မောင်းနှင်လာသော မည်သည့်မော်တော်ယာဉ်ကို မဆို ပစ်ခတ်ဖမ်းဆီးခြင်းများ လုပ် ဆောင်ပါတော့မည့်အကြောင်း အသိပေးထားသည်။

မင်းတုန်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်အုပ်စုမှ စစ်ကြောင်းထိုး မွှေနှောက်ရန် အလားလာ ရှိ နေသောကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးအတွက် သင့်တော်သလို ကြိုတင်ပြင်ဆင်ထား ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...