မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာကို ဝင်ရောက်တိုက်ခိုက်မှု ပျူကင်းမှူးမျိုးနိုင်အေး သေဆုံး

မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာကို ဝင်ရောက်တိုက်ခိုက်မှု ပျူကင်းမှူးမျိုးနိုင်အေး သေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူကင်းမှူး မျိုးနိုင်အေး နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၆ နာရီခန့်က မြိုင်မြို့နယ်တောင်ပိုင်းရှိ သရက်ကန်ပျူရွာ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ခဲ့ပြီး ပျူကင်းမှူးဖြစ်သူ မျိုးနိုင်အေး နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရ သည်။

ယင်းပျူရွာသည် လက်နက်ကိုင်ပျူ၊ စစ်သား အင်အား ၁၂၀ ခန့်ရှိပြီး လက်နက်မကိုင်သော အရပ်သား ၁၅၀ ခန့်နေထိုင်ကြောင်း ၊ စစ်သား၊ ပျူများက ကျေးရွာနေပြည်သူများကို အနိုင်ကျင့်ခြင်း၊ မတရား စေခိုင်းခြင်း ၊ ရွာအနီးပတ်ဝန်းကျင်ရှိ မိုင်းကွင်းများအတွင်းသို့ ဖြတ်သန်းခိုင်းကာ ဟင်းစား၊ ထင်များ ရှာဖွေယူဆောင်ခိုင်းခြင်းတို့ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကျူးလွန်လျက်ရှိကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို TYK ပြောက်ကြားတပ်ဖွဲ့- မြိုင် – ပကဖ တပ်ရင်း ၁ – တပ်ခွဲ ၁ ၊ မြိုင်း-ပကဖ တပ် ရင်း ၁  ၊ တပ်ခွဲ ၄ (စက်ြာ) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ အညာမြေတပ် ပေါင်းစု ၊ Unoin Brothers Ub ၊ Kamma Undergroung Pdf – ကမ္မတပ်ပေါင်းစု ၊ ဒေါင်းညီနောင် တပ်ဖွဲ့ ၊ ဒေါင်းမာန်တပ်ဖွဲ့ နှင့် နွေဦးညီနောင် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...