သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၉
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော် မတီ – YDF ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၈ ရက် နံနက် ၇ နာရီခန့်က ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မှ ထန်းပင်ကုန်း ကျေးရွာဘက်သို့ အင်အား ၈၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တော် လှန်ရေး တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ထိမှန်သေဆုံးပြီး ထီးလင်း မြို့အတွင်းသို့ ပြန်ဆုတ် သွားကြောင်း သိရသည်။
“ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ လာရာလမ်းအတိုင်း ထီးလင်းမြို့ထဲကို ပြန်ဆုတ်သွားပါတယ်၊ လက် နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာမရှိခဲ့ပါဘူး” ဟု ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင် ကော်မတီ – YDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ စစ်တပ်စစ်ကြောင်းကို ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော် မတီ – YDF မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanamar Media