ဆင်ပေါင်ဝဲမြို့နယ်တွင် ကင်းချိန်းပြီး ပြန်လာသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ဆင်ပေါင်ဝဲမြို့နယ်တွင် ကင်းချိန်းပြီး ပြန်လာသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၉

မကွေးတိုင်း၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကင်းချိန်းပြီး ပြန်လာသော စစ်ကား ၂ စီးကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်သည်။

စက်တင်ဘာလ ၃ ရက် ည သန်းခေါင်ယံအချိန် ၁၂ နာရီ ၂၀ မိနစ်က ဆင်ပေါင်ဝဲမြို့နယ် ၊ကိုးပင် -သာဂရ လမ်းပိုင်းရှိ ဝါးစေ့မြှောင် ဂိတ်မှ စစ်သားများသည် ကိုးပင်ဂိတ်သို့ ကား ၂ စီးဖြင့် ကင်းချိန်းပြီး ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင်ကြိုပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ သေဆုံးဒဏ်ရာရရှိသော စစ်သားများကို ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ဆေးရုံသို့ သယ်ဆောင် သွားပြီး အရေးပေါ်ကုသမှုပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၅ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ PDF PNWD (တောင်တွင်းကြီး) ၊ နေပြည်တော် ၉၀၂ တပ်ရင်း ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ် ၊ တောင်တွင်းကြီး ပကဖ (အဂ္ဂကြီးအဖွဲ့) ၊ ဗိဿနိုး ပြည်သူကာကွယ်ရေးအဖွဲ့(တောင်တွင်းကြီး) နှင့် မကွေးပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတလင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ရက် ၂၀ ကြာလိုက်လံတိုက်ခိုက်မှု စစ်သား ၃၃ ဦး သေ ဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ဘုတလင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ရက် ၂၀ ကြာလိုက်လံတိုက်ခိုက်မှု စစ်သား ၃၃ ဦး သေ ဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရက် ၂၀ ကြာ လိုက်လံ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၃၃ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ဘုတလင်မြို့နယ်တပ်ပေါင်းစု စစ်ကြောင်းက ထုတ်ပြန်သည်။ ဩဂုတ်လ ၂၀ ရက်...