ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး ၊ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းခြင်းကြောင့် ပြည်သူ အမျိုးသား ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ

ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး ၊ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းကွင်းဖြတ်ခိုင်းခြင်းကြောင့် ပြည်သူ အမျိုးသား ၉ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၈

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်း ၂ ခုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ ထံမှ သိရသည်။

စက်တင်ဘာလ ၆ ရက်နေ့က ပွင့်ဖြူမြို့နယ်၊ ဝါစိုက်ပျိုး ရေးတပ်နှင့် ပျူစောထီးများသည် ကျောင်း ကုန်းကြီးကျေးရွာ၌ အင်အားစုဖွဲ့မှုပြုလုပ်ကာ မဒဲကျေးရွာမြောက်ဘက်သို့ အင်အား ၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း၊ ထိုကြောင့် ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ လိုက်လံ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ကြာဖြစ်ခဲ့ပြီး စစ်သား ၄ ဦး ထိခိုက်သေဆုံးခဲ့ ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၆ ရက် နေ့လည်ပိုင်းတွင် ပွင့်ဖြူမြို့နယ်၊ မဲဇလီရဲစခန်းမှ အင်အား ၈၀ ပါ စစ်ကြောင်းသည် မဒဲကျေးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ ထို့ကြောင့် ညနေ ၄ နာရီ ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရှောက်တော-မဲဇလီ လမ်းပိုင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီ စစ်ကြောင်းမှာ လမ်းပိုင်းတစ်နေရာ၌ ပြည်သူ့ကာကွယ်ရေး များထောင်ထားသော မိုင်းကွင်းအတွင်းသို့ ဝင်ရောက်သွားပြီး မိုင်းများပေါက်ကွဲကာ စစ်သား ၁၄ ဦး ဝန်းကျင်ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

“မဲဇလီကနေ အင်အား ၈၀ ပါတဲ့စစ်ကြောင်းက ကျောင်းကုန်းကြီးကျေးရွာဘက်ကို ဦးတည်ထွက်တာ ပါ၊ အဲဒီစစ်ကြောင်းကို စစ်ကူဖို့အတွက် မနက် ၆ နာရီမှာ ကျောင်းကြီးကုန်းကနေ စစ်ကူလာတယ်။ ကျောင်းကြီးကုန်းက စစ်ကြောင်းက မပေါင်းနိုင်လိုက်ဘူး။ ပြန်ဆုတ်သွားတယ်။” ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ည ၇ နာရီခန့်တွင် ထိခိုက်သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ပွင့်ဖြူမြို့နယ် သမ္ဗာဆန္ဒ နာရေးကား၊ လူနာ တင်ကားတို့ဖြင့် နှစ်ကြိမ် သွားရောက်သယ်ယူသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖပွင့်ဖြူ၊ ပွင့်ဖြူကာကွယ်ရေး တပ်(local) နှင့် မင်းဘူးခရိုင်ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၃ ရက်နေ့က မကျီးစုကျေးရွာသား ၃ ဦးနှင့် စက်တင်ဘာလ ၆ ရက်နေ့တွင် မဒဲကျေးရွာသား ကိုသူရကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ အပြင် ကနီကျေးရွာမှ တင်ခိုင်စိုး၊ ကိုသန်းမင်း၊ မဒဲရွာသား ကိုဖိုးဇော်၊ ကိုဝင်းဇော်ဖြိုး၊ အင်းကုန်း ရွာသား ကိုဖိုးတိုးတို့ကို မိုင်းကွင်းအတွင်း ဖြတ်ခိုင်းခဲ့ရာ မိုင်းမိပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် မိုင်း ကွင်းအတွင်းဖြတ်ခိုင်းခြင်းကောင့် ပြည်သူ အမျိုးသား ၉ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက်စစ်က ပစ်ခတ် မှုကြောင့် ပြည်သူ အမျိုးသား ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းများနှင့် အတွေ့မခံပဲ ရှောင် ရှားကြရန်နှင့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းဝင်ရောက်လာပါက တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ပေးကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန့်ဘလူမြို့နယ်တွင် ကင်းလှည့်ထွက်လာသော စစ်သား၊ ပျူများကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား၊ ပျူ ၇ ဦး သေဆုံး

ကန့်ဘလူမြို့နယ်တွင် ကင်းလှည့်ထွက်လာသော စစ်သား၊ ပျူများကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား၊ ပျူ ၇ ဦး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၈ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကင်းလှည့်ထွက်လာသော စစ်သား၊ ပျူများကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၇ ဦးသေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၈ ရက် နံနက် ၆...