သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၈
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဖလံကျင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၁၁ နာရီခွဲခန့်က ပွင့်ဖြူမြို့နယ်၊ ဖလံကျင်းကျေးရွာအနီးသို့ ခလရ ၁၀ တပ်ရင်း၊ စကုမြို့မှ ပျူစောထီးများနှင့် ဝါစိုက်ပျိုးရေးတပ်မှ စစ်သားများ ပူးပေါင်းထားသည့် စစ်ကား ၃ စီး၊ ဂျန်ပါကား ၁ စီးပါ အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ညနေ ၄ နာရီဝန်းကျင်တွင် ယင်းတိုက်ပွဲအတွင်း သေဆုံး ထိခိုက်ဒဏ်ရာရသည့် စစ်သားများကို လာရောက်သယ်ဆောင်သည့် စစ်ကားများလည်း ပွင့်ဖြူမြို့နယ်၊ မကျီးစုကျေးရွာ အဝင်၌ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းထိကာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုရှိပြီး ယင်း ၂ ကြိမ်အတွင်း စစ်သား ၁၀ ဦးကျော်သေဆုံးကာ ၁၂ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၁၁ ခွဲက ဖလံကျင်းကျေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်တယ်။ သေဆုံး ဒဏ်ရာရတွေကို 4wheel ကားနဲ့ သုံးခေါက်လာ သယ်တယ်။ ညနေ ၄ နာရီဝန်းကျင် မကျီးစုရွာ အဝင် မှာ မိုင်းထပ်ထိ ၊ စစ်ကား နဲ့လာသယ်ပြီး မကွေးတပ်မတော်ဆေးရုံဘက်ကို အမြန်မောင်းသွားတယ်။ ဖြစ်စဉ်နှစ်ခုမှာ စစ်ကော်မရှင်ဘက်က ၁၀ ဦး သေတယ်။ ၁၂ ဦးဒဏ်ရာရတယ်” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ညပိုင်းတွင် မဲဇလီကျေးရွာရှိ တိုက်နယ်ရဲစခန်းအတွင်းသို့ ဝင်ရောက်သွားပြီး ထိုသို့ ဝင်ရောက်ချိန်တွင် စစ်သား ၁၀၀ ခန့်သာ ရှိတော့ကြောင်း သိရသည်။
Thanlwin Myanmar Media