သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၆
မကွေးတိုင်း၊ သရက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုကို တိုက်ခိုက်ချေမှုန်းခဲ့ရာ အမျိုးသမီး စစ်မေအပါအဝင် ၁၉ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဗမာပြည်ကာ ကွယ်ရေးတပ် – USBA က ထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီ ၁၁ မိနစ်က သရက်မြို့နယ် ၊ ညောင်ဝိုင်းကျေးရွာနှင့် တပ်ကျေးရွာကြား လမ်းပိုင်းတစ်နေရာတွင် စစ်စိမ်းရောင် ကားကြီး ၂ စီးနှင့် အမျိုးသမီး စစ်မေများ အပါအဝင် အင်အား ၈၀ ၀န်းကျင်ရှိသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဗမာပြည်ကာ ကွယ်ရေးတပ် – USBA မှ ခြုံခို တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် အကြမ်းဖက်စစ်ကောင်စီ တပ်သား အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး စစ်မေ ၂ ဦး စုစုပေါင်း ၁၆ ဦး သေဆုံးပြီး အမျိုးသား ၇ ဦး ၊အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦး ဒဏ်ရာ အပြင်းထန် ရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်မြို့နယ်အတွင်းရှိ စမ်းလည် ၊ကညစ်ကျ ၊ချင်း ကုန်း ၊အကြီးစား ၊ပွန်းကြီး ၊အလပ်လယ် ၊ဇီးတော ၊ စစ်သား ၊မန်ကျီးယုံ ၊သံပုရာကိုင်း ၊ပေါက်ဖြူ ၊သာဇီ ၊ ရွှေပန်ကိုင်း ၊ညောင်းဝိုင်း စသည့် ကျေးရွာများသို့ ၅ ရက်တာ စစ်ကြောင်းထိုး၍ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူဖျက်ဆီးကာ ကပစ ၁၂ သို့ ဖောကား ၃ စီးဖြင့် သယ်ဆောင်သွားကြောင်း သိရ သည်။
ထို့အပြင် နေစဉ်နှင့်အမျှ ပြည်လူထူနေထိုင်ရာကျေးရွားများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ စက်တင်ဘာလ ၆ ရက် ညနေ ၄ နာရီခန်တ့ွင် သရက်မြို့နယ်၊ ဘော်ရဲစခန်း မြောက်ဘက် ၄ ကီလိုမီတာအကွာရှိ တဇီးကောက် ကျေးရွာအနီး သရက်-မင်းလှ လမ်းပိုင်း တစ်နေ ရာတွင် ဗမာပြည်ကာကွယ်ရေးတပ်-USBA မှ ခြုံခိုပြောက်ကျားတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး အခြားတပ်ဖွဲ့၀င်များအထိခိုက်မရှိကြောင်းနှင့် အဆိုပါ အလောင်း ၃ လောင်းအား ကပစ ၁၂ သို့ တစ်ပါးတည်း သယ်ဆောင်သွားကြောင်း သိရှိရသည် ။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် အထက်မင်းလှမြို့နယ်မှ သရက်မြို့နယ်အတွင်းရှိ ကပစ ၁၂ သို့ ကပစလုပ်ငန်းသုံး ပစ္စည်းများ သယ်ဆောင်လာသော ကွန်တိန်နာ ၄ စီး ကို လုံခြုံရေးလိုက်ပါ လာခြင်းဖြစ်ပြီး စစ်ကား ၂ စီး ၊ရှေ့ပြေး ကင်း ဆိုင်ကယ် ၅ စီး အပါအဝင် စုစုပေါင်းစစ်သား အင်အား ၅၀ နီးပါးရှိကြောင်း သိရသည်။
Thanlwin Myanmar Media