သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ပျူရွာရှိ စခန်းကို ရော့ကတ်လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း COBRA ONE တပ်ဖွဲ့ထံမှ သိရ သည်။
ယနေ့ စက်တင်ဘာလ ၆ ရက် နံနက် ၉ နာရီ ၄၀ မိနစ်က ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ပျူရွာ စခန်းသို့ တပ်မ ၁၀၁ မှ အင်အားဖြည့် စစ်ကောင်စီတပ်သားများ ရောက်ရှိနေချိန် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များက ရော့ကတ်လက်နက်ကြီးဖြင့် ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ လုံးစလုံး ပစ်မှတ် ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“အင်အားက ၈၀ ၊ ၁၀၀ လောက်တော့ရှိမယ်၊ ၅ လုံးပစ်ခတ်ခဲ့တာ၊ သူတို့ဘက်ကလည်း သုံးလေး လုံး လောက် ကောင်တာပြန်ပစ်တာရှိတယ်။ ထိခိုက်သေဆုံးမှုရှိ၊ မရှိတော့ စုံစမ်းနေတုန်းပဲ” ဟု Cobra One တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ-တပ်ရင်း ၁ ၊ ပခုက္ကူမြို့နယ် ပကဖ-လက်နက်ကြီး တပ်ဖွဲ့COBRA ONE နှင့် Burma Revolution Rangers တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media