သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၄
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တက်ဝန်းကျေးရွာရှိ ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာ ပျူခေါင်းဆောင် ဘိုထွန်းအပါအဝင် ၅ ဦးသေဆုံးပြီး လက်နက် ၈ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း သရက်ခရိုင်၊ အမှတ် ၃ တပ်ရင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၄ ရက် နံနက် ၅ နာရီ ၁၀ မိနစ်က နတ်မောက်မြို့နယ် ၊ တက်ဝန်ကျေးရွာရှိ ပျူခေါင်းဆောင် ဘိုထွန်း၏ နေအိမ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီး တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး ပျူခေါင်းဆောင်ဘိုထွန်း အပါအဝင် ပျူ ၅ ဦးစလုံး သေဆုံးသွားကြောင်း သိရသည်။
ထို့ကြောင့် ပျူများကိုင်ဆောင်အသုံးပြုသည့် ပွိုင့် 22 လက်လုပ်အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ M1 အမျိုးအစေား ကာဘိုင်သေနတ် ၅ လက်၊ ပြောင်းချော သေနတ် ၂ လက်၊ ကာဘိုင်ကျည် ၉၅ တောင့် ၊ ပြောင်းချောကျည် အတောင့် ၃၀ ၊ ၊လက်ပစ်ဗုံး ၂ လုံး၊ ငွေသား ၁ သိန်းကျပ်၊ စစ်ဝတ် တန် ဆာများ ၊ဖုန်း ၄ လုံး နှင့် စစ်မှုထမ်းစာအုပ် ၁ အုပ် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် ပစ်ခတ် တိုက် ခိုက်မှုအတွင်း ပျူများစီးနင်းသည့် ကား ၁ စီးလည်း ပျက်စီးသွားကြောင်း သိရသည်။
“၅ ယောက်ပဲရှိတာ၊ ၅ ယောက်စလုံးသေသွားတယ်။ ပျူခေါင်းဆောင် ဘိုထွန်းပါ သေတယ်။ စစ်ကူ လာတာတွေလည်းမရှိဘူး။ နေ့လည်ပိုင်းလောက်ကျမှ နတ်မောက်မြို့ကနေ အလောင်းလာကောက် သွားတာ၊ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု သရက်ခရိုင်၊ အမှတ် ၃ တပ်ရင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၃ ငါးပြေမ ပြောက်ကျားတပ်ရင်း၏ မြေပြန်ကျားတပ်ခွဲမှ ဦးဆောင်၍ ရေနံချောင်းမြို့နယ် ပကဖ ၊ မင်းဘူးခရိုင်စစ်ဌာန ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ Chauk Revolutionary Army(CRA) နှင့် ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media