နတ်မောက်မြို့အနီးတွင် ပိတောက်ငုပ်ပျူရွာမှ ပျူစောထီးများလိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

နတ်မောက်မြို့အနီးတွင် ပိတောက်ငုပ်ပျူရွာမှ ပျူစောထီးများလိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂

မကွေးတိုင်း၊ နတ်မောက်မြို့အနီး နတ်မောက်-ရွာမွန်လမ်းပိုင်းတနေရာတွင် ပိတောက်ငုပ်ပျူရွာမှ ပျူစောထီးများလိုက်ပါလာသော ကားတစ်စီးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးခဲ့ ကြောင်း People’s Defence Force-Yenangyaung တပ်ဖွဲ့ထဲမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က နတ်မောက်မြို့မှ ပိတောက် ငုပ်ပျူရွာသို့ ပျူစောထီး ခေါင်းဆောင် ခင်မောင်ဌေး အပါအဝင် ပျူစောထီး ၁၅ ဦးခန့် စီးနှင်းလိုက်ပါလာသော အံစာတုံးအမျိုးအစားကားကို နတ်မောက် -ရွာမွန်လမ်းပိုင်း တနေရာ အရောက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နတ်မောက်မြို့ကနေ ပိတောက်ငုပ်ပျူရွာကို ပြန်တာ၊ တိုက်ပွဲကြာချိန်ကတော့ မိနစ် ၂၀ ခန့်ကြာခဲ့ပါ တယ်။ သူတို့စီးလာတဲ့ကားလည်း ပျက်စီးသွားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက နတ်မောက်မြို့နဲ့အရမ်း နီးတယ်၊ အရမ်းနီးတော့ နတ်မောက်မြို့ထဲက စစ်ကူထွက်လာတဲ့အတွက် အမြန်ပြန်ဆုတ်ခဲ့ရတာ၊ နတ်မောက်မြို့နဲ့ဆိုရင် တမိုင်သာသာပဲဝေးတယ်” ဟု People’s Defence Force-Yenangyaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မိမိတို့ People’s Defence Force- Yenangyaung ၊ သရက်ခရိုင်တပ်ရင်း ၃ တပ်ခွဲ ၁ ၊ Chauk Revolution Army (CRA) ၊ မင်းဘူးမြို့နယ် (ပလဖ) ၊ Yenantha Column ၊ နတ် မောက် ပကဖ နှင့် အင်တောတိုက်နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး စစ်ကား ၂ စီး ပျက်စီး

ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး စစ်ကား ၂ စီး ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၆ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိတ်ဖြူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း Yenanthar Column ထံမှ သိရ သည်။ အောက်တိုဘာလ ၂၅...