ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော စစ်တပ်စစ်ကြောင်းက ရေနံမှော်နှင့် ကျေးရွာများကို မီးရှို့နေ

ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော စစ်တပ်စစ်ကြောင်းက ရေနံမှော်နှင့် ကျေးရွာများကို မီးရှို့နေ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၁

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းက ရေနံမှော်နှင့် ကျေးရွာများကို ဝင်ရောက်ပြီး မီးရှို့နေကြောင်း Successful Force – Pauk ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၁၁ နာရီခန့်က ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ဇီးပြားပျူရွာသို့ ရိက္ခာ ပို့ရန် ထွက်လာသော ရိက္ခာ တင်ကား ၃ စီးပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ထန်းပင်ချောင် မှ တဆင့် မြောက်ဘက်သို့ ထွက်ခွာလာရာ ရေဖြူရွာသို့ ရှေ့ပြေးစစ်ကြောင်း ရောက်ရှိနေကြောင်း သိသည်။

ထို့အပြင် ထန်းပင်ချောင်ရွာ၌ ကျန်ရှိနေသော စစ်သားများကိုလည်း ကျေးရွာမြောက်ဘက်ရှိ ရေနံ မှော်သစ်ကို ဝင်ရောက်ကာ ရေနံတွင်းများမှ ရေနံများကို ခပ်ယူခြင်း၊ ရေနံလုပ်သားနေများ နေထိုင်ရာ တဲများကို မီးရှို့ခြင်းတို့လုပ်ဆောင်နေကြောင်း ၊ မကြီးကုန်းကျေးရွာသို့ ဖြန့်ခွဲနေရာယူထား သော အကြမ်းဖက်စစ်သားများကလည်း ပြည်သူပိုင်နေအိမ် ၁ လုံးကို မီးရှို့ထားကြောင်း သိရသည်။

“တစ်နေရာနဲ့တနေရာက နီးတယ်၊ အင်အားကများတော့ တပ်ဖြန့်ထားတာ။ မီးရှို့ခံရတဲ့အရေအတွက် နဲ့ ဘယ်လောက်ဆုံးရှုံးထားလဲတော့ မသိရသေးဘူး။ စစ်ကြောင်းက အခုထိရှိနေသေးတယ်။ အသေး စိတ်အချက်အလက် သိရအောင်တော့ စုံစမ်းနေတုန်းပါ” ဟု Successful Force – Pauk မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ဒေသနေပြည်သူအရေအတွက် ထောင်ချီစစ်ဘေးရှောင်နေရ ပြီး အရေးပေါ် စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နမ္မတူမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကြဲချတိုက်ခိုက်၊ အောက် တိုဘာလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၀ ဦးအပါအဝင် ပြည်သူ ၄၇ ဦးသေဆုံး

နမ္မတူမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကြဲချတိုက်ခိုက်၊ အောက် တိုဘာလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၀ ဦးအပါအဝင် ပြည်သူ ၄၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက် ညပိုင်းက တအာင်းပြည်၊ တပ်မဟာ ၈ နယ်မြေ၊...