နတ်မောက်မြို့နယ်၊ သနပ်ပေါက်တောတဲတိုက်ကို စစ်တပ်က ပါရာမိုတာဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရ

နတ်မောက်မြို့နယ်၊ သနပ်ပေါက်တောတဲတိုက်ကို စစ်တပ်က ပါရာမိုတာဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၀

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သနပ်ပေါက်တော တဲတိုက်ကို အကြမ်းဖက်စစ်တပ်က ပါရာမိုတာ ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ် ရာရရှိခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၃၀ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က နတ်မောက်မြို့နယ်၊ ကံသာကျေးရွာ၊ စက် တောကျေးရွာ၊ ကျောက်အိုးကျေးရွာကြားရှိ ဒေသအခေါ် သနပ်ပေါက်တောတဲတိုက်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာလေတပ်မှ တက်လာသော ပါရာမိုတာ စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦးသေဆုံးပြီး အမျိုးသား ၁ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကံသာရယ်၊ စက်တောရယ်၊ ကျောက်အိုးရယ်ကြားထဲမှာ သနပ်ပေါက်တောဆိုတာရှိတယ်၊ အဲဒီ တဲ တိုက်ထဲကို ကျဲချသွားတာ၊ အသက် ၁၄ နှစ် သမီးလေးတစ်ယောက်သေတယ်။ သူ့အဖေကတော့ ဒဏ်ရာ အပြင်းအထန်ရတယ်။ မိတ္ထီလာဘက်က တက်လာတဲ့ စက်တပ်လေထီးပဲ၊ တခြားနေရာတွေ ကျဲတာမျိုးတော့မရှိဘူး။ လူနာကိုတော့ ဆေးကုသပေးထားတယ်။ တိုက်ပွဲဖြစ်တာမရှိပဲနဲ့ ကျဲသွား တာဖြစ်ပါတယ်၊ သူတို့က တိုက်ပွဲမရှိလည်း အဲဒီလိုပဲ ရွာတွေထဲကို ခဏခဏကျဲချနေတာပါ” ဟု နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ ဘာသာရေး အ ဆောက်အအုံများ၊ စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေး ဆိုင် ရာနည်းလမ်းများလိုက်နာကျင့်သုံးပေးကြပါရန်နှင့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာ တူးထားကြပါရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ် ဗိုလ်မှူးပြုတ်ညီညီကို စစ်ကောင်စီတပ်က WFP မှ ပေးအပ်သည့်အကူအညီပစ္စည်းများအလွဲသုံးစားမှု၊ အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် ဖမ်းဆီးစစ်ဆေးနေ

တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ် ဗိုလ်မှူးပြုတ်ညီညီကို စစ်ကောင်စီတပ်က WFP မှ ပေးအပ်သည့်အကူအညီပစ္စည်းများအလွဲသုံးစားမှု၊ အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် ဖမ်းဆီးစစ်ဆေးနေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ် ဗိုလ် မှူးပြုတ် ညီညီကို စစ်ကောင်စီတပ်က WFP မှ ပေးအပ်သည့်အကူအညီများ အလွဲသုံးစားမှု၊ အာဏာ အလွဲသုံးစားမှုမျးဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း TGI Support Revolution...