သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၈
မကွေးတိုင်း၊ မင်းဘူးမြို့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေသည်ဟုဆိုကာ တစ်မြို့လုံး ကို ပိတ်ဆို့ထားခဲ့ကြောင်း ဒေသနေ ပြည်သူများထံက သိရသည်။
ယနေ့ဩဂုတ်လ ၁၈ ရက်နေ့တွင် မကွေးပညာရေးကောလိပ်သို့ လာရောက်ခြင်းဖြစ်ပြီး အလားတူ မင်းဘူးမြို့အထွက်ရှိ ကျေးရွာတစ်ရွာ၌ လည်း သစ်ပင်စိုက်ပျိုးရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ သို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေမှုကြောင့် မင်းဘူးမြို့တစ်မြို့လုံး အ ဝင်အထွက် ပိတ်ဆို့ကာ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။
“ဒီနေ့ရောက်တာ။ မကွေးပညာရေး ကောလိပ်ကို လာတယ်လို့ ပြောတယ်၊ မင်းဘူးဘက်ကိုလည်း သူလာတယ်လို့ ပြောတယ်။ မင်းဘူးမြို့အထွက်က ရွာတစ်ရွာတစ်ရွာမှာ သစ်ပင်စိုက်မယ်လို့လည်း သိရတယ်။ လက်ရှိတော့ သူရောက်လာလို့ မင်းဘူးမြို့အဝင်ပေါက်တွေအကုန်လုံးမှာ လုံခြုံရေးကင်း တွေကို ထူထူထပ်ထပ်ချထားတယ်။ မြို့ပေါ်မှာလည်း အဝင်အထွက်တွေ ပိတ်ထားတယ်၊ တော်ရုံ တန်ရုံဘယ်သူမှ လာခွင့်မပေးဘူး”ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
ထိုသို့ အကြမ်းဖက်သမား မင်းအောင်လှိုင် မင်းဘူးမြို့အတွင်း ရောက်ရှိနေပြီး အကြမ်း ဖက်စစ် တပ် က လုံခြုံရေးတင်းကြပ်ကာ ပြည်သူများကို အတင်းကြပ် ခြိမ်းခြောက် စစ်ဆေးမှုများပြုလုပ်နေ သော ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲများနှင့် ဝေးဝေးနေထိုင်ကြပါရန်၊ မင်းဘူး မြို့ ပေါ်သို့ သွားလာခြင်းများရှောင်ကြပါနှင့် မိမိနှင့်မသက်ဆိုင်သည့် ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ကြည့်ရှုခြင်းများမပြုရန် မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းက မေတ္တာရပ်ခံထားသည်။
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းဘူးမြို့ပေါ်သို့ ရောက်ရှိနေမှုပတ်သက်၍ မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းထံ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားပေးခြင်း မရှိပေ။
Thanlwin Myanmar Media