သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၇
မကွေးတိုင်း၊ ပခုက္ကူမြို့မှ ပေါက်မြို့နယ်သို့ ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားနေပြီး တရွေ့ရွေ့ချီတက်နေကြောင်း မြိုင်ပကဖက ထုတ်ပြန် သည်။
မေလ ၂၇ ရက်နေ့မှစ၍ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ပေါက်မြို့ဘက်သို့ ဦးတည်ထွက်ခွာ လာ သော ယာဉ်အစီးရေ ၁၄၀ ကျော်ပါ ယာဉ်တန်းနှင့် အင်အား ၁၀၀၀ ကျော်ပါ စစ်ကြောင်းကို မြိုင်မြို့ နယ်နှင့်ပေါက်မြို့နယ်အတွင်းရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်ကာ တရွေ့ရွေ့ချီတက်နေပြီး မြေပြင်ထိတွေ့တိုက်ပွဲများ ၊ လေကြောင်းတိုက်ခိုက်မှု များ ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိစွာဖြင့် ဘေးလွတ်ရာသို့ ရှောင် ရှားနေထိုင်ပေးကြပါရန် မြိုင်ပကဖက တိုက်တွန်းထားသည်။
ဇူလိုင်လ ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်က မြိုင်မြို့၊ မြိုင် -ပခုက္ကူ သွားလမ်းမပေါ်၊ မြိုင်မြို့ အရှေ့ ဖျားရှိ စီမံကိန်းရုံး၌ အထိုင်ချတပ်စွဲထားသော စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူး ပေါင်းပြီး ဝင်ရောက်တိုက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး သုံ့ပန်း ၁၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းမိခဲ့သော သုံ့ပန်း ၁၂ ဦး အနက် ၁ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သဖြင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက ဆေးဝါးကုသပေးလျက်ရှိခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း ပြည် သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် နံနက် ၉ နာရီ ၃၀ မိနစ်၌ တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီ၌ တစ်ကြိမ်၊ ညနေ ၃ နာရီ ၁၅ မိနစ်၌ တစ်ကြိမ် မြိုင်မြို့မရဲစခန်းအတွင်းမှ စစ်ကူပေးရန်ထွက်လာသော စစ်သား၊ ရဲ၊ ပျူစောထီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နေရာအသာစီးယူ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ရှေ့တိုး၍မလာရဲပဲ နောက်ကြောင်း ပြန်ဆုတ်သွားကြောင်း သိရသည်။
ညနေ ၄ နာရီ ၃၀ မိနစ်၌ ၁ ကြိမ်၊ ၅ နာရီ၌ ၁ ကြိမ်အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ခဲ့ကြောင်း၊ ည ၇ နာရီတွင် အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်စခန်း စီမံကိန်းရုံးကို အပြီးသတ် သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရရှိသူများမှာ ရဲအုပ် သောင်းထွေးစိုး၊ ရဲအရာခံ ထွန်းမင်းဇော်၊ ရဲတက ဇော်ဝင်းနိုင်၊ ရဲဒုတက တင်မျိုးထွန်း၊ ရဲတပ်သား ဇော်နိုင်၊ ရဲတပ်သား ရဲရင့်အောင်၊ ရဲတပ်သား သန်းတိုးအောင်၊ ရဲဒုတက မင်းမင်းထွန်း၊ ရဲတပ်သား မင်းမင်းဇော်၊ ရဲဒုတက သက်ကိုကို၊ စစ်တပ်မှ တက ဦးထွန်းနှင့်တပ်သား မျိုးနိုင်ဝင်း တို့ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့ထံမှ G3 အမျိုးအစား သေနတ် ၁၀ လက်၊ MA3 ၁ အမျိုးအစား သေနတ် လက်၊ MA4 အမျိုးအစား သေနတ် ၁ လက်၊ 79 အမျိုးအစား သေနတ် ၁ လက်၊ G3 ဘောက် ၁၅ ဘောက်၊ MA ကျည် ဘောက် ၂ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်ဗုံး ၉ လုံး၊ 79 အဖူး ၆ ဖူး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ အီကွက်မန့် ၇ ခု၊ ငွေသား ၂၂ သိန်း တို့လည်း သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
ဇူလိုင်လ ၁၀ ရက် နံနက် ၇ နာရီခန့်ကလည်း မြိုင်မြို့၊ စီမံကိန်းရုံးအား နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်ကို မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+) ၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ ညီနောင်သုံး ဖော် (YSO) ၊ တပ်ပေါင်းစု (Good Brother) ၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက် ကြား တပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို (ဒရုန်း) ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA နှင့် Scorpion People Denfece Force တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၉ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် မြိုင်မြို့နယ် သနပ်ရင်း ကျေးရွာကို အကြမ်းဖက်စစ်ကောင် စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media