သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၃
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဖလံကျင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
ဩဂုတ်လ ၉ ရက်နေ့က ပွင့်ဖြူမြို့နယ်၊ ဖလံကျင်းကျေးရွာအနီးသို့ အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက် လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဖလံကျင်း ကျေးရွာ အနီးအရောက် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သားများကို ဝါတပ်မှ ကားများဖြင့် လာရောက်သယ်ဆောင်သွား ကြောင်း သိရသည်။
“PDF စိုးမိုးနယ်မြေထဲကို ဝင်လာလို့ တိုက်ပွဲဖြစ်တာပါ။ ဝါတပ်နဲ့လည်း သိပ်မဝေးဘူး။ စခ အလောင်း တွေကိုတော့ ဝါတပ်က ကားတွေနဲ့ သယ်သွားတယ်။ တိုက်ပွဲက ဒီနေ့အထိဖြစ်နေတုန်းပဲ။ ပြည်သူ တွေ ဖမ်းခံရတာလည်းရှိတယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း စခတွေက ခိုးသွားတာရှိတယ်။ တိုက်ပွဲဖြစ်ပြီး စခတွေ ခိုးသွားတဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ ပစ္စည်းအချို့တော့ ပြန်ရလိုက်တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းဝင်ရောက်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာသည် မင်းဘူး ခရိုင်အမှတ် ၇ တပ်ရင်း စိုးမိုးနယ်မြေအပိုင်းဖြစ်ပြီး ယင်းတပ်ရင်းကို ဆက်သွယ်မေးမြန်းထားသော် လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်ကလည်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းက အုတ်ဖို ကျေးရွာ ၊ သနပ်ဝ ကျေးရွာမှ တဆင့် လေးအိမ်စုကျေးရွာအထိ ဝင်ရောက်ခဲ့ကာ ပြည်သူ ၁၀ ဦးကျော်ကို ဓားစာခံ ဖမ်း ဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခံထားရသူများအနက် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အုတ်ဖိုကျေး ရွာသား ၃ ဦးနှင့် ဖလံကျင်းကျေးရွာသား ၄ ဦးကို ယနေ့အချိအထိ ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရ သည်။
လက်ရှိအချိန်၌ ပွင့်ဖြူမြို့နယ်၊ ကျစ်ကိုင်းကျေးရွာ စစ်ဆေးရေးဂိတ်ကို ပျူစောထီးများ အင်အား တိုးချကာ ညစဉ် ညတိုင်း ဒရုန်းများ ပျံဝဲ၍ ချိန်းခြောက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းတို့ကြား တစ်လလုံးနီးပါးတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာကာ ပြန်ဆုတ်သွားပြီးနောက် ယခုမှ စစ်ကြောင်းပြန်ထိုးလာခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media