သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၀
မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ ဩဂုတ် ၁၀ ရက် နံနက် ၅ နာရီခန့်က မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ် ကင်းစခန်း တစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ နံနက် ၁၁ နာရီ ၃၀ မိနစ်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားရာ စခန်းသိမ်းပိုက် နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က စက်တပ်လေထီးများ ၊ ဂျက်ဖိုက်တာများဖြင့် ပစ်ကူ ပေးတိုက်ခိုက် ခဲ့ကြောင်း သိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား ၁ ဦး သေဆုံးကာ ၃ ဦးကို G-3 အမျိုးအစား သေနတ် ၃ လက်၊ 7.62 ကျည် အမြောက်အများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ ၊ မြိုင် ပကဖ၊ ပေါက် မြို့နယ် မြောက်ပိုင်း ပကဖ အပါအဝင် တော်လှန်ရေး မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media