နေပြည်တော်မှ ပဲခူးရိုးမပေါ်သို့ တက်လာသောစစ်ကြောင်းကို ကြားဖြတ်ခိုက်မှု စစ်သား ၄၀ ကျော် သေဆုံး၊ ယင်းသေဆုံးစစ်သားအလောင်းများကို သယ်လာသည့် ကားနှင့် လာကြိုသည့် ကားတို့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား၊ ရဲ ၁၉ ဦးထပ်မံသေဆုံး

နေပြည်တော်မှ ပဲခူးရိုးမပေါ်သို့ တက်လာသောစစ်ကြောင်းကို ကြားဖြတ်ခိုက်မှု စစ်သား ၄၀ ကျော် သေဆုံး၊ ယင်းသေဆုံးစစ်သားအလောင်းများကို သယ်လာသည့် ကားနှင့် လာကြိုသည့် ကားတို့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား၊ ရဲ ၁၉ ဦးထပ်မံသေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၅

 

မကွေးတိုင်းအရှေ့ခြမ်း ပဲခူးရိုးမပေါ်သို့ နေပြည်တော်မှ တက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး သေဆုံးစစ်သားအလောင်းများကို သယ်လာသည့် ကား နှင့် လာကြိုသည့်ကားတို့ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၊ ရဲ ၁၉ ဦးသေဆုံးခဲ့ကြောင်း ပြည် သူ့ကာကွယ်ရေးတပ် ပုဏ္ဏဝတီ (တောင်တွင်းကြီး) တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှ အင်အား ၃၀၀ ခန့်ဖြင့် မကွေးတိုင်းအရှေ့ခြမ်း ပဲခူးရိုးမပေါ်သို့ တက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၂၉ ရက်နေ့တွင် အောင်လံမြို့နယ်၊ ဘန်းကုန်းကျေး ရွာ အနီး၌ လက်ကြီး၊ လက်နက်ငယ်၊ နင်းမိုင်း၊ တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းက နေပြည်တော်ဘက်ကနေ တက်လာတာ၊ ရိုးမပေါ်ကို တက်လာတာက ၂၈ ရက်နေ့ က တက်လတာ၊ ၂၉ ရက်နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲစဖြစ်တာက မကွေးတိုင်း၊ အရှေ့ ခြမ်းအောင်လံမြို့နယ်၊ ဘန်းကုန်းမှာ တော်လှန် ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတာ၊ အဲဒီမှာ စခတွေ ကျတယ်၊ ဆွဲမိုင်းတွေ၊ နင်းမိုင်း တွေမိတယ်၊ အဲဒီမှာ ကျဆုံးတာက ၄၀ ကျော်လောက်ရှိ တယ်၊” ဟု ပြည်သူ့ကာကွယ်ရေးတပ် ပုဏ္ဏဝတီ (တောင်တွင်းကြီး) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ဇူလိုင်လ ၂၉ ရက် ညနေ ၃ နာရီခန့်တွင် ယင်းတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားအလောင်း များကို ဆင်ပေါင်ဝဲမြို့ဘက်သို့ ကားဖြင့် သယ်ဆောင်လာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ များက ဓနုံးမြောင်ဂိတ်နှင့် ဝါးစေ့မြောင်ဂိတ်ကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦး သေဆုံးပြီး ကားပျက်စီးခဲ့ကြောင်း သိရသည်။

“၂၉ ရက်နေ့ ညနေ ၃ လောက်နာရီလောက်မှာပဲ သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို သယ်ပြီး ဆင်ပေါင်ဝဲကို ပြန်ဆင်းလာတာ၊ ပြန်ဆင်းလာတဲ့အချိန် ဆင်ပေါင်ဝဲ မြို့နယ်၊ ဓနုံးမြောင်ဂိတ်နဲ့ ဝါးစေ့ မြောင်ဂိတ်ကြားမှာ မိုင်းကို အပိုင်ဆွဲခဲ့တာ၊ ကားပေါ်မှာ သယ်လာတဲ့ အလောင်းတွေက ၄၀ လောက် ရှိတယ်၊ အလောင်းသယ်လာတဲ့ ခွေးကားကို လုံခြုံရေးလိုက်ပါတဲ့ ကားပေါ်မှာက အယောက် ၂၀ လောက် ပါလာတယ်။ အဲဒီကားကို မိုင်းဆွဲတာ၊ ၁၅ ယောက်ကျတယ်၊ ကားလည်းပျက်သွားတယ်၊ ကားလုံးဝ ပျက်တယ်ဆိုတာ သေချာတယ်၊ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ပါ၊” ဟု ပြည်သူ့ကာကွယ် ရေးတပ် ပုဏ္ဏဝတီ (တောင်တွင်းကြီး) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

အလားတူ မိုင်းဆွဲခံရပြီး ပျက်စီးသွားသော စစ်သားအလောင်းတင်ကားကို သယ်ယူရန် ဆင်ပေါင်ဝဲမြို့ နယ်၊ ကိုးပင်ရဲစခန်းမှ ထွက်လာသော ရဲကားတစ်စီးကို ဇူလိုင်လ ၃၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကိုး ပင် ကျေးရွာနှင့် သာစည်ဂိတ် ကြားအရောက် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦး‌ သေဆုံးပြီး ရဲကားတစ်စီးလည်း ပျက်ဆီးခဲ့ကြောင်း သိရသည်။

“၃၁ ရက်နေ့ဆွဲတာက အလောင်းသယ်တဲ့ကားကိုသွားဆွဲဖို့၊ အလောင်းတွေသယ်လာတာက ၂ ရက် ကြာတယ်၊ ၃၁ ရက်နေ့ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ဘက်ကနေ တက်လာတဲ့ရခကား၊ ရှေးပြေးပွိုင့် ကားကို မိုင်းဆွဲတိုက်ခိုက်တာ။ မိဘပြည်သူတွေ အနေနဲ့ စစ်ခွေးဂိတ်တွေအနီးအနားမှာမနေဖို့၊ စခ၊ ရခကားတွေနဲ့ အနီးကပ်မလိုက်ဖို့ပြောချင်တယ်၊ တော်လှန်ရေးအမြန်ဆုံးပြီးမြောက်အောင် မဟာ မိတ်တပ်ဖွဲ့တွေနဲ့ အကောင်းဆုံးပူးပေါင်းပါဝင် တိုက်ခိုက်သွားမယ်လို့ ပြောချင်ပါတယ်။” ပြည်သူ့ ကာကွယ်ရေးတပ် ပုဏ္ဏဝတီ (တောင်တွင်းကြီး) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုများကို သရက်ခရိုင် အမှတ်၅ တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ်) ၊ ပြည်သူ့ကာ ကွယ်ရေးတပ် ပုဏ္ဏဝတီ (တောင်တွင်းကြီး) ၊ ဆင်ပေါင်ဝဲမြို့နယ် ပကဖ နှင့် မကွေးတောင်ပိုင်း ပြည် သူ့ ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanliwn Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပခုက္ကူတပ်မ ၁၀၁ တပ်အတွင်းသို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ပြီး ပြန်ဆုတ်ရာတွင် စစ်ကောင် စီတပ်က မြေပြင်၊ ဝေဟင်မှ ပိတ်ဆို့တိုက်ခိုက်

ပခုက္ကူတပ်မ ၁၀၁ တပ်အတွင်းသို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ပြီး ပြန်ဆုတ်ရာတွင် စစ်ကောင် စီတပ်က မြေပြင်၊ ဝေဟင်မှ ပိတ်ဆို့တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၅   မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခိုက်ပြီး ပြန်လည်ဆုတ်ခွာရာတွင် စစ်ကောင်စီတပ်က မြေပြင် ဝေဟင်မှ ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရကြောင်း Burma Revolution Rangers တပ်ဖွဲ့ထံမှ သိရသည်။   ဩဂုတ်လ ၂ ရက်...