စလင်းမြို့နယ်၊ တညောင်တိုက်နယ်အတွင်း၌ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

စလင်းမြို့နယ်၊ တညောင်တိုက်နယ်အတွင်း၌ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်အတွင်း၌ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သခင်ဖိုးလှကြီးတပ်ဖွဲ (ချောက်)တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က စလင်းမြို့နယ်၊ တညောင်ကျေးရွာဘက်မှ အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက် လာသည့် စစ်တပ် စစ်ကြောင်းကို တညောင်ကျေးရွာနှင့် တောင်ဖီလာကျေးရွာအရောက် ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားများ အထိနာပြီး တညောင်ဓာတ်ပေးခွဲရုံသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်။ အတိအကျတော့ မသိရသေးပါဘူး၊ လူနာတင်ကား ၂ စီးနဲ့ ဆိပ် ဖြူ ဘက်ကို သယ်သွားတယ်လို့တော့ သတင်းရထားတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့ စပစ် တယ်၊ ပြီးတော့ လက်နက်ငယ်တွေနဲ့ ပစ်ပြီးဝင်လာတာပါ။ ကျနော်တို့မဟာမိတ်ပူးပေါင်းအဖွဲ့က ၈၁ မမ လက်နက်ကြီး၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တဲ့အချိန်မှာ တညောင်ဘက်ကို ပြန်ဆုတ် သွား တာပါ။” ဟု သခင်ဖိုးလှကြီးတပ်ဖွဲ (ချောက်)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို သခင်ဖိုးလှကြီးတပ်ဖွဲ့(ချောက်) ၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၁/၂ ၊ သိန်းငှက်နက် ဒရုန်လက်ရုံးတပ်ဖွဲ့ ၊ စလင်း ပကဖ ဇုန် ၃ နှင့် မဟာမိတ်တပ်များ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

ရှေ့ဆက်၍ တိုက်ပွဲအရှိန်မြင့်တက်လာနိုင်သောကြောင့် လိုအပ်သည့် လက်နက်ခဲယမ်းများဝယ်ယူရန် အတွက် မိဘပြည်သူများက ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိ

မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုထံမှ သိရသည်။ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး “သိန်းငှက် စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်ခဲ့ရာ ထော်သာရွာ...