Magway News

Magway News

စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ရဲ ၈ ဦးသေဆုံးပြီး ရဲသုံ့ပန်း ၂ ဦးနှင့်အတူ မိသားစုဝင် ၂ ဦးကိုပါ အရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၃၀

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ ၈ ဦးသေဆုံးပြီး ရဲ သုံ့ပန်း ၂ ဦး နှင့်အတူ ရဲမိသားစုဝင် ၂ ဦးကိုပါ အရှင်ဖမ်းမိခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ -ပကဖ က ထုတ်ပြန်သည်။

 

ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက် ၄ နာရီ ၅၀ မိနစ်က စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များက ချေမှုန်းရေး၊ ပိတ်ဆို့ဖြတ်တောက်ရေး အင်အားများဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ရဲစခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ရဲ ၈ ဦး သေဆုံးကာ ၂ ဦးမှာ လက်နက်ချ အဖမ်းခံခဲ့ကြောင်း သိရသည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကိုပါ ဖမ်းဆီးရရှိခဲ့ပြီး ကျန်ရဲများမှာ တညောင်လျှပ်စစ် ဓာတ်အားခွဲရုံသို့ ထွက်ပြေးသွားကြောင်း၊ ထို့နေကာက် ရဲစခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောာင်း၊ ရဲစခန်း မီးရှို့ပြီးနောက် နံနက် ၈ နာရီ ၂၃ မိနစ်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“ရဲစခန်းမှာက ခန့်မှန်းအင်အား ၃၀ လောက်ပဲရှိပါတယ်။ တိုက်ပွဲက ၃ နာရီနဲ့ မိနစ် ၂၀ ကြာခဲ့တာ၊ ရဲ ၂ ဦးနဲ့ ရဲမိသားစုဝင် ၂ ဦး ဖမ်းမိခဲ့ပါတယ်၊ စခန်းသိမ်း မီးရှို့ဖျက်ဆီးပြီးမှ ဂျက်ဖိုက်တာနဲ့ လာရောက် ဗုံး ကျဲပစ်ခတ်တာရှိပါတယ်။ ဒါ့အပြင် တညောင်လျှပ်စစ် ဓာတ်အားခွဲရုံကနေ လက်နက်ကြီးနဲ့ တ ညောင်ဘက်ကို ပစ်ခတ်နေပါတယ်၊။” စလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ -ပကဖ မှာ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများကိုင်ဆောင် အသုံးပြုသည့် G3 အမျိုးအစား သေနတ် ၅ လက်၊ MA-13 အမျိုးအစားသေနတ် ၁ လက် နှင့် ကျည်ဆံများသိမ်းဆည်းရရှိခဲ့သည့်ပြင် မီးလောင် ပျက်စီးသွားသည့် G3 အမျိုးအစား သေနတ် ၂ လက် လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- (စလင်း ပကဖ) မှ တပ်ဖွဲ့ဝင်များ က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်တစ်ဦး လက်ထိခိုက်ဒဏ်ရာရရှိကာ ကျန်ရဲဘော်များမှာ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၀   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ် စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း...