Magway News

Magway News

ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ တပ်ရင်းအတွင်းမှ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်သည့် ဟောင်ဝှစ်ဇာလက်နက်ကြီး ပြောင်းကွဲကာ စစ်သား ၄ ဦးသေဆုံး၊ စစ်တပ်ကပစ်ခတ်သည့် လက်နက် ကြီးကြောင့် ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၇

 

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ တပ်ရင်းအတွင်းမှ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်သည့် ဟောင်ဝှစ်ဇာလက်နက်ကြီး ပြောင်းကွဲကာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေစကြို ပကဖထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၆ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ တပ်ရင်းအတွင်း မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပြည်သူလူထုနေထိုင်ရာ ပိတောက်ပုံကျေးရွာ အတွင်းသို့ ၄ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်သည့် လက်နက်ကြီး ၄ လုံးအနက် ၂ လုံးမှာ ကျေးရွာအတွင်း ကျ ရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာ အပြင်း အထန်ဒဏ်ရာရရှိပြီး စိုးရိမ်ရကြောင်း၊ ထို့အပြင် နွားနှစ်ကောင်လည်း သေဆုံးကာ ပြည်သူ့နေအိမ် များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာအတွင်းသို့ ပစ်မှတ်ထားကာ တိုက်ခိုက်နေသည့် အဆိုပါ လက်နက်ကြီးသည် ပြောင်းထိပ်ကွဲသွားပြီး ပစ်ခတ်တိုက်ခိုက်သည့် စစ်သား ၄ ဦးလည်း ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။

 

“မနေ့က ညနေ ၃ နာရီခွဲလောက် အားလုံးပေါင်း ၄ လုံးပစ်တာ၊ ၂ လုံးက ရွာထဲတည့်တည့်ကျတာ၊ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်၊ အဲဒီထဲမှာ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်၊ အသက်အန္တရာယ် စိုးရိမ် ရတယ်လို့ သိရတယ်၊ နေအိမ် ပျက်စီးတာတွေလည်း ရှိမယ်၊ မီးလောင်တဲ့အနေအထားမဟုတ်ပေ မယ့် ပျက်စီးတာတွေတော့ရှိတယ်။ မနေ့က ပစ်ခတ်ရင်း နောက်ဆုံး အလုံးမှာ ပြောင်းကွဲပြီး စခ ၄ လောက် သေတယ်၊ ပစ်ခတ်ရင်း ဟောင်ဝှစ်ဇာပြောင်းထိပ်ကွဲတာ၊ မီးခိုးလုံးတွေလည်းမြင်ရတယ်၊ တိုက်ပွဲမရှိပဲနဲ့ ရမ်းပစ်နေတာ၊” ဟု ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က မိဘပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီး များဖြင့် အချိန်မရွေး ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် အိမ်တိုင်း၊အိမ်တိုင်း ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာ တူးထားကြရန်နှင့်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကိုလည်း လိုက်နာကျင့်သုံးကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးလုံလောက်စွာ ကုသမှုမပေးသဖြင့် မန္တလေးမြို့၊ ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ပျံလွန်တော်မူ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၇   မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးကုသမှု လုံလောက်စွာ မရရှိသဖြင့် ရတနာပုဂံတိုက် ဆရာတော်...