ငဖဲမြို့နယ်နှင့် မင်းလှတို့မြို့နယ်တို့တွင် မေလနှင့်ဇွန်လအတွင်း တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ခဲ့ပြီး စစ်သား ၃၀ ခန့်သေဆုံး၊ စစ်တပ်က အမျိုးသား ၂ ဦးကို သတ်ဖြတ်ပြီး ကျောက်ဆုံကျေးရွာကို မီးရှို့ဖျက်ဆီး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၂
မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပြီး စစ်သား ၃၀ ခန့်သေ ဆုံးခဲ့ကြောင်းနှင့် စစ်တပ်က အမျိုးသား ၂ ဦးကို သတ်ဖြတ်ကာ ကျောက်ဆုံကျေးရွာကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်ထံမှ သိရသည်။
မေလ ၁၄ ရက်နေ့က ငဖဲမြို့နယ်၊ ပဇီကျေးရွာအနီး၌ အင်အား ၃၀ ခန့်ရှိသော စစ်တပ် စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ CDF- Asho တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား များ ထိခိုက်သေဆုံးမှုရှိပြီး MA-1 အမျိုးအစားသေနတ် ၁ လက်၊ ကျည်ဘောက် ၄ ဘောက်၊ ကျည် ကာ ဦးထုပ် ၁ လုံး၊ Equipment ၁ စုံနှင့် ၅.၅၆ ကျည် ၈၄ တောင့် သိမ်းဆည်းရရှိခဲ့ ကြောင်း သိရ သည်။
ယင်းတိုက်ပွဲအပါအဝင် မေလ နှင့် ဇွန်လအတွင်း၌ လည်း ငဖဲမြို့နယ် ၊ နတ်ရေကန် စစ်ခန်းအနီးနှင့် မင်းလှမြို့နယ်၊ ပုသိမ် -မုံရွာလမ်းမပေါ်ရှိ ကန်တုပ် စခန်းအား စီးနင်းတိုက်ခိုက်ခြင်းများ၊ စစ်တပ် စစ် ကြောင်း ဖြတ်တောက်ရေးတိုက်ပွဲများ ဆင်နွှဲခဲ့ရာ စစ် ကောင်စီ တပ်သား ၃၀ ခန့် ထိခိုက်သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦး (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီစစ်ကြောင်းများသည် ကျောက်ဆုံးကျေးရွာနေ အသက် ၂၅ နှစ် အရွယ် အမျိုး သမီး ၁ ဦးနှင့်၊ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတို့ကို သတ်ဖြတ်ကာ နေအိမ်ျမားကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ပုသိမ်-မုံရွာလမ်းအနီးရှိ ကျေးရွာများအနီးသို့ ဆက်လက် ၍ ထိုးစစ်ဆင်လျက်ရှိသောကြောင့် ပုသိမ်-မုံရွာလမ်းအနီးရှိ ဒေသများမှ ပြည်သူများ စစ်ဘေးရှောင် နေကြရကြောင်းနှင့် ယနေ့အထိ စစ်တပ်က ဆက်လက်စစ်ကြောင်းထိုးနေသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ကျောင်သား တပ်ဦး/ ကျောင်းသား လက်ရုံတပ်တော်က ထုတ်ပြန်ထားသည်။
ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်သည် လူထုလွတ်မြောက်ရေး နှင့် နိုင်ငံတော် သစ်ဆီသို့ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media