ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံး
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၁
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ေတော် ၊ အမှတ် ၈ စစ် ကြောင်းထံမှ သိရသည်။
ဇူလိုင်လ ၁၇ ရက် နံနက် ၄ နာရီ ၃၀ မိနစ်က ရဲ အင်အား ၂၅ ဦးခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို ပြည်သူ့ကာ ကွယ်ရေး တပ်တော် ၊ အမှတ် ၈ စစ်ကြောင်းဦး ဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စခန်းဘန်ကာများကို တဆင့်ချင်း တိုက်ခိုက် ချေ မှုန်းခဲ့ရာ စခန်းတွင်းမှ ရဲတန်းလျား ၄ ဆောင် ၊ ဘန်ကာ ၄ ခု အထိသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ရဲစခန်းအတွင်းရှိ ပင်မ အဆောက်အဦး ၁ ဆောင်နှင့် ဘန်ကာ ၂ ခုသာ ဆက်လက်သိမ်းပိုက်ရန် ကျန် ရှိချိန်တွင် လက်နက်ခဲယမ်းနည်းပါးလာခြင်း ၊ ရန်သူ့စစ်ကူအင်အား အလျင်အမြန် ရာက်ရှိ လာခြင်း တို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။
ယင်းတိုက်ပွဲအတွင်း ရဲ ၃ ဦး သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူ ၂ ဦးကို မျက်မြင်တွေ့ရှိခဲ့ရပြီး ထိခိုက်သေဆုံးမှု ထပ်တိုးရှိနိုင်သေးကြောင်း၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၈ စစ်ကြောင်း မှ ရဲဘော် ၂ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၃ ဦး နှင့် မဟာမိတ်တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး ဒဏ် ရာရရှိခဲ့ကြောင်း၊ ထို့အပြင် Type-81 အမျိုးအစား သေနတ် ၂ လက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၈ စစ်ကြောင်း ဦးဆောင်မှုဖြင့် ပခုက္ကူခရိုင်တပ်ရင်း – ၁၉၊ တပ်ခွဲ-၃ (ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့) ၊ အညာမြေ တပ်ပါင်းစု ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု (PLC) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ ပူးပေါင်းကာ တပ်ပေါင်းစု ညီညွတ်ရေးကို မျှော်ရည်၍ စုဖွဲ့တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းရဲစခန်းကို အခြေအနေအကြောင်းအမျိုးမျိုးကြောင့် လက်ရ မသိမ်းပိုက်နိုင်ခဲ့သော်လည်း အခြေ ချ ရဲစခန်းအတွင်းထိ ရွပ်ရွပ်ချွံချွံ ထိုးဖောက်ချေမှုန်းနိုင်ခဲ့ပြီး မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သော ရဲဘော် နဂါးနှင့် ရဲဘော် စိုင်းနောင် (ခ) ထွန်းတို့ကို အမှတ် ၈ စစ်ကြောင်းမှ လေးစားဂုဏ်ပြုပါ ကြောင်းနှင့် အမှတ် ၈ စစ်ကြောင်းအနေဖြင့်လည်း ဤတိုက်ပွဲ၏ လိုအပ်ချက် နှင့် ဆုံးရှုံးမှု အတွေ့ အကြုံ များကို အကောင်းဆုံးလေ့လာသင်ယူလျက် ပြည်သူလူထုအတွက် အောင်ပွဲများရရှိစေရန် ကြိုပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media