Magway News

Magway News

ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာအထိုင်ချထားသော စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Southern Yesagyo PDF တပ်ဖွဲ့ ထံမှ သိရသည်။

 

ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာ၌ အထိုင် ချတပ် စွဲထား သော စစ်တပ်စခန်းကို အဝေးပစ် ၆၀ မမ ဖြင့် ပစ်ခတ်ပြီး ၄၀ မမ ဖြင့် အနီးကပ် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရရှိသော စစ် သားများကို အရှေ့ဘုန်းကံရွာမှ ပခုက္ကူမြို့ သီတာလမ်းဂိတ်အထိ လုံခြုံရေး ကင်းအထပ်ထပ်ချကာ ပခုက္ကူမြို့သို့ သယ်ဆောင်သွားကြောင်း သိရသည်။

“၆၀ မမက ၃ လုံးပစ်ခဲ့တာ၊ ၄၀ မမကတော့ စခန်းနားသွားပြီး ကပ်တွယ်ခဲ့တာ၊ အာဇာနည်နေ့ အ ထိမ်း အမှတ်ဆိုပြီး သွားပစ်ကြတာ၊ အရာရှိတော့မဟုတ်လောက်ဘူး။ သေတဲ့အလောင်းတွေမှန် သမျှ ပခုက္ကူပဲသယ်ကြတာ၊ ပခုက္ကူမြို့၊ သီတာလမ်းဂိတ်၊ ရေဘေး၊ ဘုန်းကံဂိတ်ဆိုတာက တစ်တန်း တည်းပဲ၊ အဲဒီတစ်တန်းလုံးကို အင်အား ရာဂဏန်းလောက်ချတယ်။ ပြီးတော့ ကင်းပုန်းတွေဘာ‌တွေ ချပြီးမှသယ်သွားတာ၊ ဘုန်းကံဂိတ်ကိုလည်း အင်အား ၇၀ လောက်ထပ်ဖြည့်ထားတယ်” ဟု Southern Yesagyo PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern Yesagyo Local တပ်ပေါင်းစု ၊ Southern YSO PDF ၊ ဒေါင်းညီ နောင် ၊ ပြည်သူ့အားမာန် ၊ King Cobra ၊ Yesagyo Revolution Group (YRG) နှင့် ဒေါင်းစစ်သည် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တနေရာတွင် စစ်ရေယာဉ် အစီး ၃၀ ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး သင်္ဘော ၂ စီးပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၀   စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ချင်းတွင်းမြစ်ကြောင်းတနေရာတွင် စစ်ရေယာဉ်...