Magway News

Magway News

GZA ၊ ဗိုလ်နဂါးတပ်ဖွဲ့တို့အနေဖြင့် YDF တပ်တွင်းမပြေမှုများတွင် မဟာမိတ်ပုံစံမျိုးဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် YDF ခွဲထွက်အဖွဲ့မှ နိုင်ငံရေးမှူး ကိုငယ်တောင်းဆို

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၈

 

Generation Z Army တပ်ဖွဲ့နှင့် ဗိုလ်နဂါးဦးဆောင်သော BNRA တပ်ဖွဲ့အနေဖြင့် YDF တပ်တွင်း မပြေလည်မှုများတွင် မဟာမိတ်ပုံစံမျိုးဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် YDF ခွဲထွက်အဖွဲ့မှ နိုင်ငံရေးမှူး ကိုငယ်က တောင်းဆိုလိုက်သည်။

 

ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် ဂန့်ဂေါခရိုင်၊ ကန်စွန်းထောင့်ကျေးရွာနှင့် ယင်း မာကျေးရွာ အကြား၌ Generation 2 Army (GZA) ၏ ဥက္ကဋ္ဌ တဖြစ်လည်း စစ်ဦးစီးချုပ် ၁ ဦး၊ ဗဟို စစ်ရုံးချုပ်-ကိုယ်ရေး အရာရှိ ၁ ဦး ၊ အမှတ်-၂ တပ်ရင်း – တပ်ရင်း မှူး ၁ ဦး၊ ဆေးသူနာပြု ၂ ဦးအပြင် ယောကာကွယ်ရေး တပ် (YDF) ၏ လုံခြုံရေးတပ်မှူး ၁ ဦးနှင့် လုံခြုံရေးတပ်သား ၁ ဦးတို့ ပစ်ခတ် ခံရမှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

GZA တို့ ၊ ဗိုလ်နဂါးတို့အနေနဲ့ YDF နဲ့မဟာမိတ်ပြုထားတဲ့အခါမှာ သူတို့ကိုယ်တိုင်က တပ်တွင်း ကိစ္စ တွေမှာ ပါဝင်စစ်ကြောင်းထိုးပြီး လုပ်နေတဲ့ကိစ္စတွေကို လုံးဝမဖြစ် သင့် ဘူး။ မဟာမိတ် ဆိုတာက ဘုံရန်သူကို တိုက်ခိုက်တဲ့နေရာမှာသာလျှင် အတူတူ ပူးတွဲလက်တွဲပြီးမှ ကူညီရတာဖြစ်တယ်။ အခု ဟာက ကျနော်တို့ YDF ရဲ့တပ်တွင်း ကိစ္စတွေကို မဟာမိတ်ဆိုတဲ့ အခန်းကဏ္ဍကနေပြီးတော့မှ တပ် တွင်းကိစ္စတွေမှာ ထဲထဲဝင်ဝင် ဝင်ရောက်ပြီးတော့မှ သူတို့ရဲ့ဘော်တွေကိုယ်တိုင်က အခုလက် တွေ့ အခုဖြစ်စဉ်မှာ ပိုပြီးတော့မှ သိသာပါတယ်။ ဒီအရင်တုန်းကလည်း ကျနော်တို့ရဲ့ တပ်တွင်းကိစ္စတွေမှာ GZA ကနေ လိုက်လံဖမ်းဆီးတာတွေ၊ ပစ်ခတ်မှုတွေ လုပ်ခဲ့ တာ အကြိမ်ပေါင်းအများကြီးရှိပါတယ်။ ဒါတွေကိုလည်း ကျနော်တို့အနေနဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ လုံးဝမဖြစ်သင့်ဘူးလို့ ပြောချင်တယ်၊ အခုထုတ်ပြန်ချက် တွေမှာလည်း ဒီမြတ်သူရဲ့  မဟာမိတ်ပုံစံမျိုးနဲ့ ထုတ်ပြန်လာတဲ့ သဘောတရား တွေကို မြင်တွေ့နေရတယ်။ “ YDF ခွဲထွက်တပ်ဖွဲ့မှ နိုင်ငံရေးမှူး ကိုငယ်က ပြောကြားသည်။

 

Generation 2 Army (GZA) ၏ ဥက္ကဋ္ဌ ၊ စစ်ဦးစီးချုပ် ၁ ဦး၊ ဗဟိုစစ်ရုံးချုပ်-ကိုယ်ရေး အရာရှိ ၁ ဦး ၊ အမှတ်-၂ တပ်ရင်း – တပ်ရင်း မှူး ၁ ဦး၊ ဆေးသူနာပြု ၂ ဦးအပြင် ယောကာကွယ်ရေး တပ် (YDF) ၏ လုံခြုံရေးတပ်မှူး ၁ ဦးနှင့် လုံခြုံရေးတပ်သား ၁ ဦးကို ပစ်ခတ်မှုသည် မြတ်သူခေါင်းဆောင်သော YDF တပ်ဖွဲ့မှ စွပ်စွဲထားသလို မှန်ကန်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

Generation 2 Army (GZA) ၏ ဥက္ကဌလည်းဖြစ်၊ စစ်ဦးချုပ်လည်းဖြစ်သူ ကိုအောင်ကျော်မျိုးထက် နှင့် ဆေးသူနာပြုအမျိုးသမီးများ ပါဝင်သော အဖွဲ့မှာ ဆိုင်ကယ်ဖြင့် YDF ခွဲထွက်အဖွဲ့ထိန်းချုပ်နယ် မြေအတွင်း ဝင်ရောက်လာစဉ် စစ်ဆေးမေးမြန်းရန် ရပ်ခဲ့ရာ ဆိုင်ကယ်ရပ်ပေးခြင်းမရှိပဲ ပြန်လှည့် ပြေးသွားကြောင်း၊ ထို့ကြောင့် YDF ခွဲထွက်အဖွဲ့မှ ရဲဘော်များက ကူညီကယ်ဆယ်ပေးရန် သွား ရောက်စဉ် ကျန်အဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်သဖြင့် အပြန် အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“သူတို့က ကျနော်တို့ဂိတ်ရှိတဲ့ဘက်ကို သတင်းပို့တာလည်းမရှိဘူး။ ကြိုတင်အကြောင်းကြားတာ လည်းမရှိပဲနဲ့ ဝင်လာတာ၊ အဲလိုဝင်လာတော့ ကျနော်တို့ ရဲဘော်တွေက ရပ်ခိုင်းတယ်၊ ရပ်ခိုင်းတာကို မရပ်ပဲ ပြန်လှည့်ပြေးတာ၊ ပြန်လှည့်ပြေးတော့ ဆိုင်ကယ်ပေါ်ကနေ အမျိုးသမီးတစ်ဦးပြုတ်ကျတာ၊ အဲဒါကြောင့် ရဲဘော်တွေက သွားကူပေးတာ၊ အဲဒီအချိန်ကျမှ GZA က သူနာပြုအမျိုးသမီးဖြစ်မှန်း သိတာ၊” ဟု YDF ခွဲထွက်အဖွဲ့ခေါင်းဆောင် ကိုကောင်းကောင်းက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Political News

Political News

အာဏာရှင်စနစ်ကို အမြစ်ဖြတ်၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု တအာင်း(ပလောင်) အမျိုးသားပါတီထုတ်ပြန်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၃   အာဏာရှင်စနစ်ကို အမြစ်ဖြတ်၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ပြည်သူလူထုတစ်ရပ် လုံး နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု တအာင်း(ပလောင်) အမျိုးသားပါတီက ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။...