Magway News

Magway News

ရေစကြိုမြို့နယ်၊ ကမ္ဘာမဲ့ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပကဖရဲဘော် ဇနီး မောင်နှံ၊ CDM ကျောင်းဆရာမအပါအဝင် ၄ ဦးသေဆုံးပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၇

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ္ဘာမဲ့ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပကဖရဲဘော် ဇနီး မောင်နှံ၊ CDM ကျောင်းဆရာမအပါအဝင် ၄ ဦးသေ ဆုံးပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၅ ရက် ည ၁၀ နာရီအချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီ၏ ရေစကြိုမြို့ အခြေစိုက် ခလရ ၂၅၈ တပ်ရင်းမှ ကမ္ဘာမဲ့ကျေးရွာအတွင်းသို့ ၈၀ မမ ဖြင့် လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တစ်လုံးမှာ ကမ္ဘာမဲ့ကျေးရွာအတွင်းအတွင်းရှိ ပြည်သူ့နေအိမ် တစ်လုံးပေါ်သို့ ရောက်ပေါက်ကွဲပြီး မီးလောင်ပခဲ့ကြောင်း သိရသည်။

ထိုသို့ မီးလောင်နေသည့် နေအိမ်အား မီးငြိမ်းသတ်ရန်အတွက် ပြည်သူ့ကာကွယ်ရေးရဲဘော်များက သွားရောက်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က ၈၀ မမ လက်နက်ကြီးဖြင့် ၁ လုံး ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို(ပ.က.ဖ)မှ ရဲဘော်ကောက်ကြီး(ခ)မောင်ရန်နိုင် အသက်၂၀ နှင့်သူ၏ဇနီးဖြစ်သူ မသဇင်ဝေ အသက်၂၄နှစ် ၊ CDMကျောင်းဆရာမဖြစ်သူ မနွေဦးမေ အသက် ၃၂ နှစ်နှင့် ကမ္ဘာမဲ့ ကျေးရွာတွင် နေထိုင်သူ မောင်ရှင်းလင်းကို အသက် ၁၇ နှစ် တို့ ထိမှန် သေဆုံးခဲ့ပြီး ကျေးရွာရွာနေပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) ရှိခဲ့ကြောင်း သိရသည်။

 

ပြည်သူကို ကူညီရင်း ကျဆုံးသွားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြို (ပ.က.ဖ) ရဲဘော် မောင် ကောက်ကြီး နှင့် ဇနီးဖြစ်သူအား စစ်ဓလေ့ထုံးစံနှင့် အညီ မီးသဂြိုလ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီကို တော်လှန်တိုက်ဖျက်ကာ ပြည်သူလူထုကို ကာကွယ်ရင်း အသက်ပေးခဲ့ရသည့် ရဲဘော် ကောက်ကြီးအား အလေးနီပြုပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ် (ပ.က.ဖ) က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေး ၁ ဦးအပါ အဝင်ပြည်သူ ၂ ဦး ဒဏ်ရာရ

မိုင်းလုံမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေး ၁ ဦးအပါ အဝင်ပြည်သူ ၂ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်အစောပိုင်း ၁...