Magway News

Magway News

မင်းတုန်းမြို့နယ်တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပြီး စစ်သား ၃၇ ဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

 

D Day News

မေလ ၁၉

 

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း၌ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကာင်စီတပ်သား ၃၇ ဦး သေဆုံးကာ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

မေလ ၁၄ ရက်နေ့က မင်းတုန်းမြို့နယ်၊ မင်းတုန်းမြိုနယ် ပြောင်း-သဖန်ရောင်-ဝက်ကော်ကျေးရွာ များမှ တစ်ဆင့် ငကုန်းကျေးရွာသို့ အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက် စစ် ကြောင်းသည် မေလ ၁၆ ရက်နေ့တွင် ငကုန်းကျေးရွာအနီးအရောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက် နက်ကြီးဖြင့် ပစ်ခတ်ပြီး လေကြောင်းပစ်ကူခေါ်ခဲ့ရာ မွန်းတည့် ၁၂ နာရီအချိန်၌ ငကုန်းကျေးရွာ ဘန်ုးကြီးကျောင်း စာသင်ကျောင်းနှင့် ရွာကုန်းထိပ်များပေါ် ဂျက်ဖိုက်တာဖြင့် ၆ ကြိမ်အထိ ပျံဝဲ ပစ်ခတ်ပြီး စစ်ကြောင်းမှာ ငကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ မေလ ၁၈ ရက်နေ့တွင် အဆိုပါ ငကုန်းကျေးရွာသို့ စစ်ကူအင်အားဖြည့်တင်းရန် မင်းတုန်း မြို့ပေါ်မှ ဖောကား ၂ စီးဖြင့် အင်အား ၆၀ ခန့်ထွက်လာရာ ကျွဲဘေကျေးရွာနှင့် ထိန်ကိုင်းကျေးရွာ ကြား အရောက်၊ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်တွင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်-၁ စစ် ဒေသ၊ မကွေးတိုင်း သရက်ခရိုင်အမှတ် – ၄တပ်ရင်း(Eagle Force)၊ ကျောင်းသားလက်ရုံး တပ်တော် (SAF)၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ (WOLF)တို့ ပူးပေါင်းပြီး အသင့်စောင့်ကြို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁၂ ဦးခန့် သေဆုံးပြီး ၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ မေလ ၁၈ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါ အကြမ်းဖက်စစ်ကြောင်းမှ ခြေလျင် ထပ်ထွက်လာသည့် လက်ကျန်စစ်သား ၄၀ ခန့်အား ကျွဲဒွန်ကျေးရွာနှင့်သီးပင်ကုန်းကျေးရွာ လမ်းဆုံ အရောက် အသင့်စောင့်ဆိုင်းပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး သေ ဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်-၁စစ်ဒေသ၊ မကွေးတိုင်း သရက် ခရိုင် အမှတ်-၄တပ်ရင်း (Eagle Force) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ လွတ်မြောက်ရေး အင်အားစု စစ်သည်များတပ်ဖွဲ့ (WOLF)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ကလည်း လက်ရှိစစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်နှင့် မင်း တုန်းမြို့နယ်၊ ရွာသစ်ကျေးရွာနှင့် ငှက်ပျင်းကျေးရွာကြား၌ (၁) ကြိမ်၊ မေလ ၁၁ ရက်နေ့တွင် ရွာသစ် ကျေးရွာနှင့် ကြိုဝကျေးရွာကြား၌ (၁) ကြိမ်၊ ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်း သရက်ခရိုင်အမှတ်-၄ တပ် ရင်း (Eagle Force) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ လွတ်မြောက်ရေးအင်အားစု စစ်သည် များတပ်ဖွဲ့ (WOLF)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်တစ်ဦး တိုင်းပြည်နှင့်ဖက်ဒရယ်ဒီမိုကရေစီ စနစ်အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

 

ထိတွေ့တိုက်ပွဲ ၄ ကြိမ်အတွင်း ထိခိုက်ဒဏ်ရာရရှိသောအကြမ်းဖက်စစ်သားများကို မင်းတုန်းမြို့နယ် ဆေးရုံသို့လည်းကောင်း၊ အချို့ကို မကွေးမြို့ဆေးရုံသို့ လည်းကောင်း ပို့ဆောင်ထားကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့် မင်းတက်တောင်ကြား၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုကို အာရက္ခတပ်တော် -AA က တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်မှုထမ်းတပ်သား ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။ ဩဂုတ်လ ၂၂ ရက်နေ့က ကျောက်ဖြူမြို့နယ်၊...