Magway News

Magway News

မင်းတုန်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု အရာရှိအပါအဝင် စစ်သား ၅ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၃

 

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးဘေး၊ ကျောက်တိုင်ကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ ရာရှိအပါအဝင် စစ်သား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ ထံမှ သိရသည်။

 

ဇူလိုင်လ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၂၂ မိနစ်က မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးဘေး၊ကျောက် တိုင်ကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အင်အား ၃၅ ဦးခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီ တပ်သား များကို တိုက်ခိုက်ရေး Drone ဖြင့် ၆၀ မမ လက်လုပ်ဗုံးသီး ၂ လုံး ကျဲချခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၀ မိနစ် တွင် လည်း ၆၀ မမ လက်လုပ်ဗုံးသီး ၂ လုံး ထပ်မံ ကျဲချရာ ဗုံးသီး ၄ လုံးစလုံး ပစ်မှတ်အတွင်း သို့ ကျ ရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီအရာရှိအပါအဝင် စစ်သား ၅ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ဆေးရုံမှာ တပ်စွဲထားတာတွေက သရက်ကပစ ၁၂ က ဖြစ်ပါတယ်၊ အရာရှိနေတဲ့ အဆောင်နဲ့ ဆက် သွယ်ရေးမြောင်းနဲ့ ဆက်သွယ်ထားတဲ့ ဘန်ကာတွေကို အဓိကချခဲ့တာ၊ သေဆုံးမှုသတင်းတော့ ထပ် ရတာမရှိပါဘူး။ ဆေးရုံမှာက ပြည်သူတွေဆေးဝါးကုသခွင့်မပေးတော့ဘူး၊ သူတို့တပ်စွဲထားတာက ၂၀၂၄ ၈ လပိုင်းမိုးတွင်းကာလလောက်ကတည်းက တပ်စွဲခဲ့တာဆိုတော့ တစ်နှစ်ဝန်းကျင်လောက်ရှိ သွားပြီး၊ အဲဒီဆေးရုံရဲ့မြောက်ဘက်ကပ်လျက်က ကျောက်တိုင်ရဲစခန်းပါ၊ သူတို့က အဲဒီရဲစခန်းမှာ မနေရဲတော့လို့ အဲဒီဆေးရုံထဲမှာ ဆက်သွယ်ရေးမြောင်းတွေ၊ ဘန်ကာတွေအခိုင်အမာဆောက်ပြီး တပ်စွဲနေတာပါ၊ အရာရှိ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး ဦးဆောင်နေတာပါ၊” သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် – ၄ တပ်ရင်းမှ တပ်ခွဲ-၁ ခွဲမူး ဦးဆောင်သော Drone တပ်စိပ် နှင့် မင်းတုန်းမြိုနယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

စစ်ဆင်ရေးအပြီး နောက်ပိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်ခြင်း နှင့် ခရီးသွားပြည်သူများအား အစစ်အဆေးများ အတင်း အကြပ်ပိုမိုလုပ်ဆောင်နေသောကြောင့် မိဘပြည်သူများအနေဖြင့် သတိထားသွားလာကြပါရန် အသိပေးတိုက်တွန်းထားသည်။

Thanlwin Myanmar Meiia

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်တပ်အတွင်း မူးယစ်ဆေးဝါး တရားဝင်နီးပါး ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်တပ်သားဝန်ခံ

စစ်တပ်အတွင်း မူးယစ်ဆေးဝါး တရားဝင်နီးပါး ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်တပ်သားဝန်ခံ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ရောက်ရှိနေသော စစ်တပ်အတွင်း မူးယစ်ဆေးဝါးတရားဝင် ရောင်းဝယ်သုံးစွဲခွင့်ရနေကြောင်း အလင်းဝင်ခဲ့သည့် စစ်မှုထမ်းတပ်သား ကိုအောင်ကျော်က ဝန်ခံထားသည်။ အောက်တိုဘာလ ၁၇ ရက်နေ့က နောင်ချိုမြို့နယ်တွင် တံတားပြင်ဆင်နေသည့် စစ်ကြောင်းထဲမှ စစ် မှု ထမ်းတပ်သား ကိုအောင်ကျော်သည် အစောင့်စစ်သားအလစ်တွင် လက်နက်မဲ့ထွက်ပြေးလာပြီး...