Magway News

Magway News

ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်တွင် နတ်ရေကန် ဗျူဟာစခန်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၈

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းမပေါ်တွင် နတ်ရေကန် ဗျူဟာစခန်းကုန်းမှ ထွက်ပြေး လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့ လွတ်လပ်ရေးတပ်တော် (PIA) ထံမှ သိရသည်။

 

ဇွန်လ ၃၀ ရက်နေ့က ငဖဲမြို့နယ်၊ နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်း မှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်မှုထမ်း တပ်သား၂ ဦးကို အီနာဂါဗုံးသီး ၄ လုံး၊လက် ပစ်ဗုံး ၃ လုံး၊ MA-1 အမျိုးအစား သေနတ် ၁ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက် ၇ ခု၊ 5.56 ကျည် ၂၈၀ တောင့်၊ စစ်ဦးထုပ် ၁ လုံး၊ အီကွေ့မန့် ၁ ခု တို့နှင့်အတူ ဖမ်းဆီး ရရှိခဲ့ ကြောင်း သိရသည်။

“ဇွန်လ ၃၀ ရက်နေ့က ဖမ်းမိခဲ့တာပါ၊ ကျနော်တို့ ရှေ့ကင်းလှုပ်ရှားအဖွဲ့တွေနဲ့တွေ့တာ၊ ရှေ့ပိုင်းမှာ လည်း ဖမ်းမိတာရှိတယ်၊ ဒါက နောက်ဆုံးဖမ်းမိတာ၊ နတ်ရေကန်ဗျူဟာက လူတွေပါ” ဟု ပြည်သူ့ လွတ်လပ်ရေးတပ်တော် (PIA) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ လုံခြုံစွာ ထိန်းသိမ်းထားကြောင်း သိရသည်။

 

ဖမ်းဆီးရရှိသူများသည် အဓမ္မစစ်မှုထမ်းရန် စုဆောင်းခံရသူများပြီး နေပြည်တော်၊ ရမည်းသင်း လေ့ကျင့်ရေး သင်တန်းကျောင်းမှ သင်တန်းဆင်းကာ နတ်ရေကန်ဗျူဟာကုန်းသို့ ပို့ဆောင်စေခိုင်းခံရ သူများဖြစ်ကြောင်း သိရသည်။

 

မတရားအဓမ္မစစ်မှုထမ်းရန် စုဆောင်းခံရသူများသည် နိုင်ငံတဝန်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ အတွင်းသို့ ပို့ဆောင်ခြင်းခံနေရပြီး မကွေးဒေသနှင့် ပဲခူးဒေသရှိ ပြည်သူများအနေဖြင့် မိမိတို့၏ သား၊ သမီး၊ မိသားစုဝင်တို့အား အကြမ်းဖက်စစ်တပ်မှ မတရားအဓမ္မ စစ်မှုထမ်းခိုင်းစေရန် ခြိမ်းခြောက်လာ ပါက ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) သို့ ဆက်သွယ် အကူ အညီ တောင်းခံနိုင်ကြောင်း အသိပေးထားသည်။

 

အဓမ္မစစ်သားအဖြစ် စုဆောင်းခံခဲ့ရသူများအနေဖြင့် မိမိကိုယ် မိမိ စစ်ကောင်စီ၏ ဘက်တော်သား မဟုတ်ဟု ခံယူကာ ရန်သူလက်အတွင်းမှ လွတ်မြောက်နိုင်ရန် အမြဲကြိုးစားကြံစည်လျက် ဆက် သွယ်နိုင်သည့် အချိန်တွင် ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) သို့ ဆက်သွယ် ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်သို့ ပြန်လည် နားခိုဝင်ရောက်ကြရန်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

ပေါင်းတည်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ရုတ်တရက်သေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၈   ပဲခူးတိုင်၊ ပေါင်းတည်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး နှလုံးရပ်ကာ ရုတ်တရက် သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ် ပြန်သည်။   ဇူလိုင်လ ၅ ရက်နေ့က ပေါင်းတည်...