ရေစကြိုမြို့နယ်၊ ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံးတွင်တာဝန်ထမ်းဆောင်နေသော အငြိမ်းစား တပ် ကြပ်ကြီး ထွန်းအောင် ကို ဖမ်းဆီးရာ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး
သံလွင်မြန်မာသတင်း
ဇွန်လ ၃၀
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငြိမ်းဇာနည်စစ်မှုထမ်းဟောင်း ရုံးတွင် တာဝန်ထမ်းဆောင်နေသော အငြိမ်းစားတပ်ကြပ်ကြီး ထွန်းအောင်ကို ဖမ်းဆီးရာ ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး သွားကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖထံမှ သိရသည်။
ဇွန်လ ၂၈ ရက် နံနက် ၉ နာရီခန့်က ရေစကြိုမြို့နယ် ငြိမ်းဇာနည် စစ်မှုထမ်းဟောင်းရုံး တွင် တာဝန်ထမ်းဆောင်နေသော အငြိမ်းစား တပ်ကြပ်ကြီးထွန်းအောင်သည် ရေစကြိုမြို့အတွင်းမှ ဆိုင် ကယ်ဖြင့် ထွက်လာစဉ် ရေစကြိုမြို့အထွက်အရောက်တွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ် ရေး အဖွဲ့မှ ရဲဘော်များမှ တားစီး၍ ဖမ်းစီးရာ ထွက်ပြေးသဖြင့် ပစ်ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွား ကြောင်း သိရသည်။
“မြို့ထဲကနေ ဆိုင်ကယ်နဲ့ထွက်လာတာကို တားပြီးအရှင်ဖမ်းတာ၊ အရှင်ဖမ်းတာကို ထွက်ပြေးလို့ ပစ် ခတ်လိုက်ရတာ၊ သူက တပ်ဘက်ကို သွားဖို့ပဲ၊ အဲဒီဘက်ကတပ် ၃ တပ်ရှိတာဆိုတော့ ဘယ်တပ်ကို သွားဖို့လည်းတော့ မသိဘူး။ တပ်ရင်းတွေနဲ့ ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံးကို ကူးနေတာ၊ သူတစ် ယောက်တည်းပါပဲ။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းခဲ့ပါတယ်” ရေစကြိုမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ -ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသွားသော တပ်ကြပ်ကြီး ထွန်းအောင်သည် ရေစကြိုမြို့နယ် ငြိမ်ဇာနည်စစ်မှုထမ်းဟောင်း ရုံးတွင် တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီတပ်က ခိုင်းသမျှ တက်တက်ကြွကြွ လုပ်ဆောင်ပေး နေသဖြင့် အရေးယူနိုင်ရန် ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media