Magway News

Magway News

ကမ္မမြို့တွင်း၌ ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၇

 

မကွေးတိုင်း ၊ ပခုက္ကူ မြို့နယ် ၊ ကံမ္မမြို့အတွင်း၌ ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေသော စစ် ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း Pakokku People Defense Force (PPDF) တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၆ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ကံမ္မမြို့တွင်း၌ ပြည်သူပိုင်နေအိမ်များ အတွင်းမှ ပစ္စည်းများအား လိုက်လံခိုးယူတင်ဆောင်နေသော စစ်ကောင်စီကား ၂ စီးကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ကမ္မမြို့တွင်း တနေရာ၌ အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မြို့ထဲမှာ ကား ၂ စီးနဲ့ ကင်းလှည့်ရင်း ပြည်သူပိုင်ပစ္စည်းတွေ လိုက်ခိုးနေတဲ့ စခတွေကို တိုက်ခိုက် ခဲ့တာ၊ အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်လောက်ကြာခဲ့ပါတယ်။ နောက်ထပ် ထပ်တိုး သေဆုံး ထိ ခိုက်မှုကတော့ မသိရသေးဘူး။ စစ်ကြောင်းက ပေါက်ဘက်ကို ဦးတည်ထွက်နေတာပါ၊ မိဘပြည်သူ တွေအနေနဲ့ အထူးဂရုစိုက်နေထိုင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု Pakokku People Defense Force (PPDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Pakokku People Defense Force (PPDF) ၊ ABSDF အမှတ် ၃ စစ်ကြောင်း ၊ အောင်ကျော် (RG) ၊ မြို့နယ် ပလဖ ၊ Tiger Warrior Force (TWF) ၊ အညာ​​မြေပြောက် ကျားတပ် ဖွဲ့ (ကိုဇော်မိုက်) ၊ ကိုရေခဲနှင့် ကိုဗလဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့ (YGF) တို့ ပူး ပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဇွန်လဆန်းပိုင်းမှစ၍ ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ မှ ပေါက်မြို့နယ်ဘက်သို့ ဦးတည်ကာ စစ် သား အင်အား အလုံးအရင်းဖြင့် ထွက်လာသော ရိက္ခာပို့စစ်ကြောင်းသည် ကမ္မမြို့တွင်းသို့ ရောက်ရှိ လာခဲ့ရာ ကမ္မမြို့နေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ထိုသို့ ထွက်ပြေးတိမ်း ရှောင်နေရသည့် ပြည်သူပိုင်နေအိမ်များကို စစ်ကောင်စီတပ်သားများက မီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်း များကို လုယက်ခိုးယူများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့တိုက် ခိုက်လျက်ရှိရာ စစ်တပ်စစ်ကြောင်းမှာ လိုရာခရီးသို့ ရောက်ရှိနိုင်ခြင်းမရှိသဖြင့် စစ်ကြောင်းထွက်ရာ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ကျဲတိုက်ခိုက်များလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်ထိုင်သောက်နေသော တရုတ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာ စခန်းမှူးက PDF အထင်ဖြင့် ပစ်ခတ် ဖမ်းဆီးမှု စစ်သား ၂ ဦး စလုံးသေဆုံး

တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်ထိုင်သောက်နေသော တရုတ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာ စခန်းမှူးက PDF အထင်ဖြင့် ပစ်ခတ် ဖမ်းဆီးမှု စစ်သား ၂ ဦး စလုံးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ မန္တလေးတိုင်း ၊ တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်ထိုင် သော စစ်သား ၂ ဦးကို ဝဲလောင်စခန်းမှူးအဖွဲ့မှ PDF အထင်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ စစ်သား ၂ ဦးစလုံးသေဆုံးသွား ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ...